“ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ် ထုတ်လွှင့်မည်


 

 

နေပြည်တော်    မတ်   ၂၉
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့်  အကြမ်း ဖက်မှု   တားဆီးရေးဆိုင်ရာ   ကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြား က  ပြည်သူ့စကား”   အစီအစဉ်မှ   “မစားရ ဝခမန်း  မက်လုံးပေးပြီး  ဝန်ထမ်းများအပေါ် CDM လုပ်ဖို့ အယုံသွင်းနေကြသော ဒုက္ခတွင်း ထဲက ဘုံပျောက်နေတဲ့  အစွန်းရောက်ပြည်ဖျက် မိစ္ဆာများ” ခေါင်းစဉ်ဖြင့်  မတ် ၃၀ ရက် မွန်းလွဲ  ၁ နာရီတွင်  ထုတ်လွှင့်တင်ဆက်ပေးသွားမည် ဖြစ်သည်။
အလားတူ   လာမည့်အပတ်   ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင်      “ဆူးကြားက  ဘူးခါး (သို့မဟုတ်)  EPC”    နှင့်     ပတ်သက်သည့်    ခေါင်းစဉ်ဖြင့်  ဆွေးနွေးတင်ဆက်မည်ဖြစ်သော ကြောင့်    ပါဝင်ဆွေးနွေးလိုသူ  ပရိသတ်များ အနေဖြင့်  အပတ်စဉ်  ကြာသပတေးနေ့ နံနက် ၁၀ နာရီမှ  ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅ သို့  အမည်၊  နေရပ်လိပ်စာ၊  အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ်ရမည့်  ဖုန်းနံပါတ်တို့ကို   Message  ပေးပို့ပါဝင်နိုင်ပြီ ဖြစ်ကြောင်းနှင့် ပါဝင်လာသည့်  ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့်    ကိုယ်ရေးအချက်အလက် များအား    လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း သိရသည်။            သတင်းစဉ်