မြို့တော်ဟနွိုင်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုအများဆုံးဖြစ် 

 

ဟနွိုင်း   မတ်   ၂၉  
ဗီယက်နမ်နိုင်ငံ၏ နေ့စဉ် ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားသူဦးရေမှာ မတ် ၂၉ ရက်က ၈၈၃၇၈ ဦးအထိ တိုးလာကြောင်း  ဖော်ပြခဲ့ပြီး ယမန်နေ့က ထက်   ၅၀၀၂   ဦးတိုးလာခဲ့ကြောင်း      ကျန်းမာရေးဝန်ကြီးဌာန၏   ထုတ်ပြန်ကြေညာချက်တွင်‌ဖော်ပြထားသည်။ 
ထပ်မံကူးစက်ဖြစ်ပွားသော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူများ တွင်  နိုင်ငံတစ်ဝန်းအစုလိုက် ကူးစက်ဖြစ်ပွားသူ  ၆၂ ရှိပြီး အဆိုပါ ကူးစက်ဖြစ်ပွားမှုများတွင် ပြည်ပကူးစက်ဖြစ်ပွားသူ နှစ်ဦးနှင့် ပြည်တွင်း  ကူးစက်ဖြစ်ပွားသူ ၈၈၃၇၆   ဦး    ပါဝင်ကြောင်း  ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။ 
ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားမှုနှင့်အတူ  နိုင်ငံတွင်း ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားသူပေါင်း ၉၃၈၆၄၈၉ ဦးအထိရှိလာခဲ့ပြီး  နိုင်ငံတစ်ဝန်း  ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ  ပြန်လည်ကျန်းမာလာသူပေါင်းမှာလည်း ၇၁၅၃၈၄၆ ဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆက်လက် သတင်းထုတ်ပြန်ခဲ့သည်။
ကိုဗစ်-၁၉ အစုလိုက်ကူးစက်မှု   အများစုမှာ  တောင်ပိုင်းဒေသများ မှဖြစ်ကာ   မြို့တော်ဟနွိုင်းတွင်  ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားမှု အများ ဆုံးဖြစ်ပြီး  မတ်  ၂၉  ရက်က  ကိုဗစ်-၁၉   ကူးစက်သူ  ၈၉၉၃ ဦးရှိ ပြီး   ဖူသိုပြည်နယ်မြောက်ပိုင်းမှ  ၄၃၀၂  ဦးနှင့်   ဘတ်ဂင်ပြည်နယ် မြောက်ပိုင်းမှ ၄၀၄၇  ဦးတို့ဖြစ်ကြသည်။
တစ်ချိန်တည်းမှာပင် ကျန်းမာရေးအာဏာပိုင်များက ဗီယက်နမ် နိုင်ငံမြောက်ပိုင်း ကွမ်နင်ပြည်နယ်နှင့် အလယ်ပိုင်း ဘင်ဒင်ပြည်နယ် ၌  ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားသူ   ၂၃၂၆၂ ဦး  ရှိလာခဲ့ကြောင်း ပြောကြားသည်။ 
နိုင်ငံတစ်ဝန်း အသက် ၁၈ နှစ်နှင့်အထက် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပြီးသူ ၁၈၈ ဒသမ ၃ သန်း အပါအဝင် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပြီးသူပေါင်း ၂၀၅ ဒသမ ၅  သန်းကျော်လွန်လာပြီဖြစ်သည်။
ဗီယက်နမ်နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှု လေးကြိမ်ဖြစ်ပွားခဲ့သည်။ ကိုဗစ်-၁၉  စတင်ကူးစက်ဖြစ်ပွားချိန်မှစကာ ပြည်တွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၉ ဒသမ  ၃၈ သန်းရှိသည်။      ဆင်ဟွာ