
ဆိုးလ် မတ် ၂၉
တောင်ကိုရီးယားနိုင်ငံတွင် မတ် ၂၈ ရက် ညသန်းခေါင်အထိ ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူ ၃၄၇၅၅၄ ဦးတိုးလာ ပြီးနောက် စုစုပေါင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူ ၁၂၃၅၀၄၂၈ ဦးအထိရှိလာခဲ့ ကြောင်း မတ် ၂၉ ရက်တွင် ကျန်းမာရေး အာဏာပိုင်များက ပြောကြားသည်။
နေ့စဉ်ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု သည် ယခင်ရက် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသည့် ပမာဏထက် ၁၈၇၂၁၃ ဦး သိသိသာသာမြင့်တက်ခဲ့ကြောင်း ကိုရီးယား ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး အေဂျင်စီ (ကေဒီစီအေ)က ထုတ်ပြန် ကြေညာလိုက်သည်။
အိုမီခရွန်ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေစဉ် မကြာသေးမီက မြင့်တက်လာသော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများသည် ဆိုးလ်ဒေသ၏ ကိုဗစ်-၁၉ အစုလိုက်ကူးစက်ဖြစ်ပွားမှုကြောင့်ဖြစ်ကြောင်း သိရ သည်။
ထပ်မံဖြစ်ပွားသော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူများအနက် ၆၆၀၇၈ ဦးမှာ ဆိုးလ်ဒေသခံများဖြစ်ကာ ၈၈၆၉၅ ဦးမှာ ချုံဂီပြည်နယ်မှဖြစ်ပြီး ၁၈၈၂၆ ဦးမှာ အင်ချွန်မှဖြစ်သည်။
မြို့တော်မဟုတ်သည် နေရာဒေသ များတွင်လည်း ကိုဗစ်-၁၉ ဆက်လက် ကူးစက်ပြန့်ပွားလျက်ရှိပြီး စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်သူ ၁၇၃၉၁၄ ဦး သို့မဟုတ် ၅၀ ဒသမ ၀ ရာခိုင်နှုန်းရှိသည်။ ပြည်ပကူးစက်ဖြစ်ပွားသူ ၄၁ ဦးနှင့်အတူ စုစုပေါင်း ပြည်ပကူးစက်ဖြစ်ပွားသူ အရေအတွက် ၃၁၀၀၃ ဦးအထိ ရှိလာ ပြီဖြစ်သည်။
ကိုဗစ်-၁၉ ကူးစက်ခံထားရပြီး စိုးရိမ် ရသော အခြေအနေခံစားနေရသူ ၁၂၁၅ ဦးရှိပြီး ယခင်ရက်ကထက် ၅၈ ဦး လျော့နည်းခဲ့သည်။
ကိုဗစ်-၁၉ ကြောင့် ၂၃၇ ဦး ထပ်မံ သေဆုံးပြီး စုစုပေါင်းသေဆုံးသူ ၁၅၄၂၃ဦး အထိရှိလာခဲ့ပြီး သေဆုံးနှုန်း မှာ ၀ ဒသမ ၁၂ ရာခိုင်နှုန်းရှိသည်။
ဖေဖော်ဝါရီ ၂၆ ရက်တွင် အစုလိုက် ကာကွယ်ဆေးထိုးနှံမှုများ စတင်ပြုလုပ် ခဲ့သည့် အချိန်မှစကာ ယခုအချိန်ထိ လူပေါင်း ၄၄၉၄၆၇၆၇ ဦး စုစုပေါင်း နိုင်ငံ့လူဦးရေ၏ ၈၇ ဒသမ ၆ ရာခိုင်နှုန်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခဲ့ပြီးဖြစ် သည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့်အဝ ထိုးနှံပြီးသူပေါင်း ၄၄၄၇၈၅၄၅ ဦး သို့မဟုတ် ၈၆ ဒသမ ၇ ရာခိုင်နှုန်းရှိပြီ ဖြစ်သည်။
ထို့အတူ အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသူပေါင်းမှာလည်း ၃၂၆၆၇၀၁၈ ဦး သို့မဟုတ် လူဦးရေ၏ ၆၃ ဒသမ ၇ ရာခိုင်နှုန်းရှိသည်။
ဆင်ဟွာ