
လာဂို့စ် မတ် ၂၉
နိုင်ဂျီးရီးယားမြောက်ပိုင်း ပြည်နယ်ကာဒူနာ၌ ရထားတစ်စင်းကိုသေနတ်သမားများ၏တိုက်ခိုက်မှုမှ နိုင်ဂျီးရီးယားတပ်ဖွဲ့က လုံခြုံရေး ရယူပေးခဲ့သည်ဟု သိရသည်။ ပျက်စီးဆုံးရှုံးမှုများနှင့်ပတ်သက်၍ အချက်အလက်များကို စုဆောင်းဆဲဖြစ်သည်ဟု အစိုးရအရာရှိ တစ်ဦးက မတ်၂၈ ရက်နှောင်းပိုင်းတွင် ပြောကြားသည်။
အဘူဂျာမှ ကာဒူနာသို့သွားသည့် ခရီးသည်တင်ရထားကို သေနတ်သမားများက တိုက်ခိုက်ခဲ့သည်ဟူသော သတင်းပို့ချက်များ ရရှိခဲ့သည်ဟု ပြည်တွင်းလုံခြုံရေးကော်မရှင် နာဆမ်မြူရယ်အရူဝန်က ပြောသည်။ ဒဏ်ရာရရှိသူများကို ဆေးရုံပေါ်သို့ပို့ဆောင်ပေးခဲ့ပြီး အခြားသော ခရီးသည်များကိုလည်း လုံခြုံသောနေရာများသို့ ရွှေ့ပြောင်းပေးခဲ့သည်။
အဆိုပါဒေသတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်နေသည်။ စုံစမ်း စစ်ဆေးမှုနှင့်ပတ်သက်၍ ဆက်လက်သတင်းထုတ်ပြန်သွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။
ဆင်ဟွာ