
နေပြည်တော် မတ် ၂၉
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမား များအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ် အေးချမ်းမှုပျက်ပြားစေရန်နှင့် ပြည်သူလူထု အကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာ အဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက်ဖောက်ခွဲမှုများ ပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခြင်းနှင့် နိုင်ငံ့ ဝန်ထမ်းများကို ရက်စက်စွာ လုပ်ကြံ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွတ် အမြတ်ထားရာ သာသနာပိုင်အဆောက်အဦ များကိုပါ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာ တော်များအား ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ် ခြင်းများ လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ ပြုလုပ်လျက်ရှိရာတွင် မတ် ၂၈ ရက် နံနက် ၉ နာရီ မိနစ်၂၀ တွင် မကွေးတိုင်း ဒေသကြီး မြိုင်မြို့နယ် ကမ်းပါးနီးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများ ရောက်ရှိလာ ပြီး ဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံး နေထိုင်သည့် ကျောင်းထိုင်ဆရာတော် ဥူးအိန္ဒြာစာရ(၇၆)နှစ်အား “ဒလန်၊ သတင်း ပေး”ဟု စွပ်စွဲပြောဆိုကာ သေနတ်များ ဖြင့် ဝိုင်းဝန်းပစ်ခတ် ထွက်ပြေးသွားခဲ့ရာ ကျောင်းထိုင် ဆရာတော် ဥူးအိန္ဒြာစာရတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ဆေးဝါးကုသ နိုင်ရေး မုံရွာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ထားရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ သာသနာ့နွယ်ဝင် သံဃာ တစ်ပါးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ သည့် အကြမ်းဖက်သမားများကို ဖော်ထုတ် ဖမ်းဆီး၍ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။ သတင်းစဉ်