
နေပြည်တော် မတ် ၂၉
အခြေခံပညာအဆင့် တက္ကသိုလ် ဝင်စာမေးပွဲကို ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်တွင် တစ်နိုင်ငံလုံး၌ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုမှုများ အဆင်ပြေ ချောမွေ့စွာ ဖြေဆိုဆောင်ရွက်နိုင် ရေးအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအားလုံး တက်ညီ လက်ညီဖြင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပြီး နိုင်ငံအဝန်းရှိ ဝေးလံ ခေါင်ဖျားသည့် ဒေသများနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲ သည့် နေရာဒေသများသို့ တပ်မတော်ယာဉ်၊ လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် လုံခြုံရေး အစောင့်အရှောက်များ လိုက်ပါ၍ ပို့ဆောင်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက် ရှိစဉ် ချင်းပြည်နယ်အတွင်းရှိ ကျောင်းသား ကျောင်းသူများ ဖြေဆိုရန် မေးခွန်းလွှာ၊ အဖြေလွှာ များနှင့် ပြောင်းရွှေ့တာဝန်ထမ်း ဆောင်မည့် ပညာရေးဝန်ထမ်း များ၊ ဌာနဆိုင်ရာဝန်ထမ်းများ အား သွားရောက်ပို့ဆောင်သည့် တပ်မတော် ရဟတ်ယာဉ်သည် ယနေ့နံနက် ၉ နာရီခန့်တွင် ဟားခါးမြို့ရှိ နယ်မြေခံတပ်ရင်း ရဟတ်ယာဉ်ကွင်း၌ ဆင်းသက်စဉ် လေထုမငြိမ်မသက် ဖြစ်ပေါ်ခဲ့မှု ကြောင့် ရဟတ်ယာဉ်ကွင်းအနီး ပေ ၅၀ ခန့်အကွာ နေရာသို့ အမြင့်မီတာ ၂၀ ခန့်မှ မတော်တဆ ပြုတ်ကျမှုဖြစ်စဉ် ဖြစ်ပွားခဲ့ သည်။
ဖြစ်စဉ် ဖြစ်ပွားမှုကြောင့် မေးခွန်းလွှာ၊ အဖြေလွှာများ ထိခိုက်ပျက်စီးမှုမရှိဘဲ သက်ဆိုင်ရာ စာစစ်ဌာနအသီးသီးသို့ အချိန်မီ ရောက်ရှိနိုင်ရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်းနှင့် ရဟတ်ယာဉ်ပေါ်၌ လိုက်ပါလာ သည့် အရပ်ဘက် ဝန်ထမ်းသုံးဦး၊ လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦးတို့တွင် မစိုးရိမ်ရ ဒဏ်ရာများရရှိခဲ့သော ကြောင့် နယ်မြေခံ ပြည်သူ့ဆေးရုံ သို့ ပို့ဆောင်ဆေးကုသမှု ခံယူစေ လျက်ရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်