အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊  ဝါဒဖြန့်ခြင်းများကို လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ


 

နေပြည်တော်  မတ်  ၂၈
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့ ၏  လက်အောက်ခံ အဖွဲ့အစည်းများ၊  ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည်  နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ် စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်  ရည်ရွယ်လျက် လှုံ့ဆော် ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့်  ပြုလုပ်လျက်ရှိသည်။
ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊   ပြုလုပ်မှုဖြင့်ဖြစ်စေ၊  တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို  ထပ်ဆင့်မျှဝေခြင်း၊  အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင်  အကြမ်းဖက်မှုတိုက်ဖျက်ရေး  ဥပဒေပုဒ်မ  ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ   ၃၃(က)နှင့်   တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေအရ  သိမ်းဆည်းခံရနိုင်ပြီး  ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ဇန်နဝါရီ ၂၅ရက် တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့်  အသိပေး သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း မန္တလေး တိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်  ရွှေဘုန်းရှိန်ရပ်ကွက်နေ တေဇာအောင်(ခ) တတ (၃၃)နှစ်နှင့် ၎င်း၏ညီမဖြစ်သူ အိမ့်မှူးကျော် (၂၀)နှစ်တို့ နှစ်ဦးသည်  ၎င်းတို့အသုံးပြုသည့်  “TA TA”  Facebook အကောင့်နှင့် “Eaint Kyaw Hmue IV” Facebook အကောင့်များဖြင့် လည်းကောင်း၊   စစ်ကိုင်းတိုင်းဒေသကြီး  ရေဦးမြို့  အောင်ဆန်း ရပ်ကွက်နေ ဇာနည်ကျော်မြင့် (ခ) ကတုံး (၃၂)နှစ်သည် ၎င်းအသုံးပြု သည့် “Zar Ni Kyaw Myint” Facebook အကောင့်ဖြင့်လည်းကောင်း အသိပေး သတင်းထုတ်ပြန်ချက်အပေါ်  မျက်ကွယ်ပြု၍  နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်လျက်  လှုံ့ဆော် ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့် အညီ ဖမ်းဆီးထိန်းသိမ်း  အမှုဖွင့်လှစ်အရေးယူခြင်းများ   ဆောင်ရွက်ခဲ့ ရသည်။
ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏  လက်အောက်ခံအဖွဲ့ အစည်းများ၊  ယင်းတို့နှင့်  ဆက်နွှယ်နေသော  အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန်နှင့်   အစိုးရယန္တရားများ   ပျက်ပြားစေရန်   ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊  ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား  ဥပဒေနှင့်အညီ   ထိရောက်စွာ   အရေးယူသွား မည်ဖြစ်ကြောင်းနှင့်     ထိုသို့လှုံ့ဆော်သူ၊      ဝါဒဖြန့်သူများအား  ဆက်လက်ဖော်ထုတ်     အရေးယူသွားမည်ဖြစ်ကြောင်း       သိရ  သည်။
သတင်းစဉ်