
တိုကျို မတ် ၂၈
ဂျပန် ရုပ်ရှင်ဇာတ်ကားဖြစ်သည့် Drive My Car ဇာတ်ကားမှာ ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံး နိုင်ငံတကာရုပ်ရှင်ဆုကို ရရှိ ခဲ့သည်။ ယခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲကို မတ် ၂၇ ရက်က ဟောလိဝုဒ်တွင် အခမ်း အနားဖြင့် ကျင်းပခဲ့သည်။ ဆု လက်ခံရရှိပြီးနောက် ရုပ်ရှင် ဒါရိုက်တာ ဟာမာဂူချီရူဆူကီ က ကျေးဇူးတင်စကား ပြောကြား ခဲ့သည်။ အဆိုပါ ရုပ်ရှင်တွင် ပါဝင် ခဲ့ကြသည့် သရုပ်ဆောင်များ အားလုံးကို ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
Drive My Car ဇာတ်ကားမှာ ၂၀၀၉ခုနှစ် နောက်ပိုင်း ပထမဆုံး အကယ်ဒမီဆုရရှိသည့် ဂျပန် ရုပ်ရှင်ကားဖြစ်ပြီး အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံး ရုပ်ရှင်ဆုတို့အတွက် ဆန်ခါတင် စာရင်းဝင်ခဲ့သည်။ ကန်းရုပ်ရှင် ပွဲတော်တွင်လည်း အဆိုပါရုပ်ရှင် ဇာတ်ကားမှာ ဆုရရှိခဲ့သည်။
ယခုနှစ်အတွက် ရွှေကမ္ဘာလုံး ဆုပေးပွဲတွင်လည်း အင်္ဂလိပ် စကားပြော မဟုတ်သည့် အကောင်းဆုံး ရုပ်ရှင်ဇာတ်ကား အဖြစ် ဆုရရှိခဲ့သည်။
အင်န်အိတ်ချ်ကေ