
နေပြည်တော် မတ် ၂၇
ယနေ့ ကျရောက်သည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့ တက်ရောက် ကြသည့် တပ်မတော်တွင် တာဝန်ထမ်းဆောင် ခဲ့သည့် အငြိမ်းစားတပ်မတော်အရာရှိကြီးများအား တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ဂါရဝပြုကန်တော့သည့် အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ ကျင်းပသည်။
ဂါရဝပြုကန်တော့
အဆိုပါ ဂါရဝပြုကန်တော့သည့် အခမ်းအနားသို့ အငြိမ်းစားတပ်မတော်အရာရှိကြီး ၂၅ ဦးနှင့် ဇနီး ၁၆ ဦးတို့ ကန်တော့ခံတက်ရောက်ကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ ဦးဆောင်၍ ကာကွယ်ရေးဦးစီးချုပ် ရုံး (ကြည်း၊ ရေ၊ လေ) မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများက တက်ရောက် ဂါရဝပြုကန်တော့ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂါရဝပြုစကား ပြောကြားရာတွင် ယခုကဲ့သို့ (၇၇)နှစ်မြောက် တပ်မတော်နေ့တွင် ဂါရဝပြုကန်တော့ခွင့်ရသည့် အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ဦးစွာ ပြောကြား၍ ခေတ်အဆက်ဆက် တပ်မတော်မှ နိုင်ငံတော်၏တာဝန်များကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် ထမ်းဆောင်ခဲ့မှုနှင့် လက်ဆင့်ကမ်း တာဝန်ထမ်းဆောင်နေမှုအခြေအနေ၊ ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်မာစွာလျှောက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေ၊ ပြည်ထောင်စု မပြိုကွဲရေးအတွက် တပ်မတော်မှ မားမားမတ်မတ် ရပ်တည်ကြိုးပမ်း ဆောင်ရွက်နေမှုအခြေအနေ၊ မလွှဲသာသည့်အခြေအနေတွင် တပ်မတော်မှ နိုင်ငံတော်၏တာဝန်အရပ်ရပ်အား လွှဲပြောင်း တာဝန်ယူခဲ့ရမှုအခြေအနေ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ တက်ရောက်လာကြသည့် တပ်မတော်အရာရှိကြီး များနှင့် ဇနီးများက တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများကိုယ်စား အငြိမ်းစားတပ်မတော်အရာရှိ ကြီးများအား မြန်မာ့ရိုးရာထုံးတမ်းအစဉ်အလာနှင့် အညီ ရိုသေစွာဖြင့် ဂါရဝပြုကန်တော့ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်ဇနီး၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဇနီး၊ တပ်မတော် အရာရှိကြီးများက အငြိမ်းစားတပ်မတော်အရာရှိကြီး များထံ ဂါရဝပြုလက်ဆောင်ပစ္စည်းများကို ကိုယ်တိုင် ကိုယ်ကျ ရိုသေစွာဂါရဝပြုပေးအပ်ကြသည်။
ထို့နောက် ကန်တော့ခံအငြိမ်းစားတပ်မတော် အရာရှိကြီးများကိုယ်စား ဗိုလ်ချုပ် သူရစောဖြူ (အငြိမ်းစား)နှင့် ဗိုလ်ချုပ်ကြီး သိန်းစိန်(အငြိမ်းစား) တို့က ဩဝါဒစကားများ ပြန်လည်ပြောကြားကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် တပ်မတော်အရာရှိကြီးများသည် အငြိမ်းစား တပ်မတော်အရာရှိကြီးများနှင့် ဇနီးများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး တို့သည့် အခမ်းအနားတက်ရောက်လာကြသည့် အငြိမ်းစား တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ အား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်