
နေပြည်တော် မတ် ၂၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က တည်ခင်းဧည့်ခံ သည့် ၂၀၂၂ ခုနှစ် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန် ဥပစာရင်ပြင်၌ ကျင်းပသည်။
ဂုဏ်ပြုညစာစားပွဲ စတင်ကျင်းပချိန် တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် တပ်မတော်နေ့ စစ်ရေးပြကွင်းနှင့် ဘုရင့်နောင်ရိပ်သာတို့မှ မီးရှူးမီးပန်းများ ပစ်ဖောက်ကြသည်။
တက်ရောက်
အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်း သန်းနွယ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ကောင်စီအတွင်းရေးမှူး နှင့် တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်ဥက္ကဋ္ဌတို့နှင့် ၎င်းတို့၏ ဇနီးများ၊ ရဲဘော်သုံးကျိပ်ဝင် မိသားစုဝင် များ၊ အငြိမ်းစားတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ၏ မိသားစုဝင်များ၊ အငြိမ်းစား တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိကြီး များနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ လွတ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့်၊ ဒုတိယအဆင့် နှင့် တတိယအဆင့် မော်ကွန်းဝင်ပုဂ္ဂိုလ် များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များနှင့် အကြံပေးပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်သား အငြိမ်းစားသံအမတ်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ စစ်ရေးပြ မှူးကြီးနှင့် စစ်ကြောင်း၊ တပ်ရင်းမှူးများ၊ နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူးများနှင့် တာဝန်ရှိသူများ၊ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ အောင်ဆန်း သူရိယဘွဲ့ရရှိခဲ့သူများ၏ မိသားစုဝင် များနှင့်ဆွေမျိုးများ၊ သီဟသူရဘွဲ့၊ သူရဘွဲ့ နှင့် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့၊ သူရဲကောင်းမှတ်တမ်း ဝင် တံဆိပ်ရရှိခဲ့ကြသည့် အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ၊ ဆွေမျိုး များ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ အသွင်ပြောင်းပြည်သူ့စစ်၊ မူလပြည်သူ့စစ်နှင့် နယ်ခြားစောင့် ဗဟို အကြံပေးကွပ်ကဲရေးအဖွဲ့များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့တို့မှ ပုဂ္ဂိုလ်များ၊ ဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူး ချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဝန်ကြီးဌာနအသီးသီးတွင် တာဝန်ထမ်း ဆောင်ခဲ့ကြသည့် တပ်မတော်သား (အငြိမ်းစား) ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့တို့မှ အငြိမ်းစားညွှန်ကြားရေးမှူးချုပ်များ၊ ဝိုင်အမ်ဘီအေ အသင်းကြီး၊ မြန်မာနိုင်ငံအမျိုးသမီး ရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းနှင့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အသင်းဗဟိုတို့မှ တာဝန်ရှိသူများ၊ တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်းတွင် ပါဝင်ခဲ့သည့် အနုပညာရှင်များ၊ စစ်ချီ သီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည်ပြိုင်ပွဲများတွင် ဆုရရှိ ကြသူများ၊ ဖိတ်ကြားထားသည့် အနုပညာ ရှင်များ၊ တပ်မတော်နေ့အလှူရှင်များ၊ သတင်းမီဒီယာကောင်စီ၊ ရုပ်ရှင်သဘင် ဂီတအစည်းအရုံးနှင့် သေနင်္ဂဗျူဟာ လေ့လာရေးအဖွဲ့တို့မှ တာဝန်ရှိသူများ၊ တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ တပ်ဖွဲ့ ဝင်များ၊ တိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ် မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြ သည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီးဒေါ်ကြူကြူလှတို့သည် (၇၇)နှစ် မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသူများကို ရင်းရင်း နှီးနှီး နှုတ်ဆက်သည်။
(၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ဂုဏ်ပြုညစာ စားပွဲတွင် ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေး နှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတ အဖွဲ့မှ အနုပညာရှင်များက တေးသံသာ များဖြင့် သီဆိုဖျော်ဖြေကြသည်။
မောင်းနှင်အလှပြဂုဏ်ပြု
ထို့နောက် (၇၇)နှစ်မြောက် တပ်မတော် နေ့ကိုဂုဏ်ပြုသောအားဖြင့် Drone ယာဉ် ငယ်များကိုအုပ်စုဖွဲ့၍ စစ်ရေးပြကွင်းအဝင် မုခ်ဦးနှင့် 77th ARMED FORCE S DAY စာတန်း၊ (၇၇) နှစ်မြောက်တပ်မတော်နေ့ စာတန်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်မြေပုံ၊ နိုင်ငံတော်အလံ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) သင်္ကေတ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) တံဆိပ်များ၊ မင်းကြီး သုံးပါးရုပ်တု၊ တင့်ကား၊ တပ်မတော် ရေယာဉ်၊ ရဟတ်ယာဉ်တို့၏ ပုံသဏ္ဌာန် များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၏ အလေးပြုနေသည့် ပုံသဏ္ဌာန်၊ (၇၇)နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုပါသည်စာတန်းနှင့် မီးရှူးမီးပန်း ပစ်ဖောက်နေပုံတို့ကို Drone ယာဉ်ငယ် ပေါင်းများစွာကိုအသုံးပြု၍ မောင်းနှင် အလှပြ ဂုဏ်ပြုကြသည်။
ညစာစားပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များက သီဆို ဖျော်ဖြေခဲ့ကြသည့် စစ်သည်၊ စစ်သမီး များအား အမှတ်တရဂုဏ်ပြုပန်းခြင်းများ ပေးအပ်ခဲ့ကြပြီး တက်ရောက်လာကြသူ များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ အခမ်းအနားအောင်မြင်ခြင်း အထိမ်း အမှတ်အဖြစ် မီးရှူးမီးပန်းများ ပစ်ဖောက် ကြသည်။
ဂုဏ်ပြုဆုငွေများပေးအပ်
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်၊ ဇနီးဒေါ်ကြူကြူလှနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ဇေယျာ သီရိဗိမာန် သဘင်ဆောင်အတွင်း၌ စစ်သည်၊ စစ်သမီးများ၊ နိုင်ငံကျော် အနုပညာရှင်များက မြဝတီတေးဂီတအဖွဲ့ နှင့်တွဲဖက်၍ မြန်မာသံစဉ်တေးသီချင်း များဖြင့် သီဆိုကပြဖျော်ဖြေမှုကို ကြည့်ရှု အားပေးခဲ့ကြပြီး ဂုဏ်ပြုပန်းခြင်းပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်