
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်းပြောကြား
နေပြည်တော် မတ် ၂၇
၂၀၂၂ ခုနှစ် မတ်လ ၂၇ ရက်၊ ယနေ့ကျရောက်သည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်းပြောကြားသည်။
ဦးစွာ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်ကြမည့် တပ်မတော် (ကြည်း၊ ရေ၊ လေ)မှ အရာရှိ၊ စစ်သည်များ၊ တပ်မတော်(ကြည်း) အမျိုးသမီးစစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အမျိုးသမီးစစ်ရေးပြတပ်ခွဲတို့သည် စစ်ရေးပြစစ်ကြောင်းကြီး များအလိုက် သစ်တပ်စစ်ရေးပြကွင်း၌ စတင်စုရုံးရောက်ရှိနေရာယူ ကြပြီး စစ်ရေးပြအစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။
ချီတက်နေရာယူ
ထို့နောက် ဘက်ပိုက်တပ်စုနှင့် ဗဟိုစစ်တီးဝိုင်းအဖွဲ့သည် စစ်ရေးပြ ကွင်းအတွင်းရှိ သတ်မှတ်နေရာ၌နေရာယူကြပြီး ယန္တရားစစ်ကြောင်းမှ စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာထွန်း ဦးဆောင်၍ အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံးကိုယ်စားပြု ယန္တရားတပ်ခွဲ၊ ဒုံးတပ်ဖွဲ့ညွှန်ကြား ရေးမှူးရုံးကိုယ်စားပြု ယန္တရားတပ်ခွဲ၊ သံချပ်ကာယန္တရားတပ်ဖွဲ့ညွှန်ကြား ရေးမှူးရုံးကိုယ်စားပြု ယန္တရားတပ်ခွဲ၊ လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့ အရာရှိချုပ်ရုံးကိုယ်စားပြု ယန္တရားတပ်ခွဲ၊ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးကိုယ်စားပြု ယန္တရားတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြု ယန္တရားတပ်ခွဲတို့က ချီတက်နေရာယူကြသည်။
ဆက်လက်ပြီး စစ်ရေးပြမှူးကြီး ဗိုလ်ချုပ် ရဲကျော်သူ ဦးဆောင်၍ အလံတော်အဖွဲ့၊ ၎င်းနောက်မှ စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် မိုးဇော်ထွန်း ဦးဆောင်သည့် ဂုဏ်ပြုတပ်ခွဲ၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ အရာရှိချုပ်ရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ သံချပ်ကာယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၁)၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲတို့ပါဝင်သည့် အနော်ရထာစစ်ကြောင်း။
စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် ဇော်ပိုင်ထွန်း ဦးဆောင်သည့် ဂုဏ်ပြု တပ်ခွဲ၊ ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံးကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၂)၊ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲတို့ပါဝင်သည့် ကျန်စစ်သား စစ်ကြောင်း။
စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် သိန်းထူး ဦးဆောင်သည့် ဂုဏ်ပြု တပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၁)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၂)၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ အနောက် ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၁)၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၁) တို့ပါဝင်သည့် ဘုရင့်နောင်စစ်ကြောင်း။
စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင် ဦးဆောင်သည့် ဂုဏ်ပြု တပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ကိုယ်စားပြု (အမျိုးသမီး)စစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ကိုယ်စားပြု (အမျိုးသမီး) စစ်ရေးပြတပ်ခွဲ(၁)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ကိုယ်စားပြု (အမျိုးသမီး)စစ်ရေးပြတပ်ခွဲ(၂)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)ကိုယ်စားပြု (အမျိုးသမီး)စစ်ရေးပြတပ်ခွဲ(၃)၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)ကိုယ်စားပြု(အမျိုးသမီး) စစ်ရေးပြတပ်ခွဲ(၄)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ကိုယ်စားပြု(အမျိုးသမီး)စစ်ရေးပြ တပ်ခွဲ(၅)နှင့် ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း) ကိုယ်စားပြု(အမျိုးသမီး) စစ်ရေးပြတပ်ခွဲ(၆)တို့ ပါဝင်သည့် အောင်ဇေယျ စစ်ကြောင်း။
စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် ဇော်ဝင်းထွန်း ဦးဆောင်သည့် ဂုဏ်ပြု တပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၁)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ)ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၂)၊ အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ တောင်ပိုင်း တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၂)၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၂)တို့ ပါဝင်သည့် ဆင်ဖြူရှင်စစ်ကြောင်း။
စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် ဇော်မြင့်ဦး ဦးဆောင်သည့် ဂုဏ်ပြု တပ်ခွဲ၊ လေကြောင်းချီစစ်ရေးပြတပ်ခွဲ၊ အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ထောက်ပံ့နှင့် ပို့ဆောင်ရေး ညွှန်ကြား ရေးမှူးရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲတို့ ပါဝင်သည့် ဗန္ဓုလစစ်ကြောင်း။
ချီတက်
စစ်ကြောင်းမှူး ရဲမှူးချုပ် လူလူသန်း ဦးဆောင်သည့် ဂုဏ်ပြုတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု(အမျိုးသမီး) စစ်ရေးပြတပ်ခွဲ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု (အမျိုးသမီး) စစ်ရေးပြတပ်ခွဲ(၁)၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကိုယ်စားပြု(အမျိုးသမီး) စစ်ရေးပြတပ်ခွဲ(၂)၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကိုယ်စားပြု(အမျိုးသား) စစ်ရေးပြတပ်ခွဲ(၁)၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကိုယ်စားပြု (အမျိုးသား) စစ်ရေးပြတပ်ခွဲ(၂)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြု(အမျိုးသား) စစ်ရေးပြတပ်ခွဲ(၃)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြု (အမျိုးသား) စစ်ရေးပြတပ်ခွဲ(၄)တို့ ပါဝင်သည့် အောင်ဆန်း စစ်ကြောင်းတို့က စစ်တီးဝိုင်းအဖွဲ့များနှင့်အတူ စစ်ရေးပြကွင်းအတွင်း သို့ အစီအစဉ်အတိုင်း ချီတက်ကြသည်။
ထိုသို့ချီတက်ချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ဇနီး ဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၏ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၏ ဇနီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၏ ဇနီးများက ဂုဏ်ပြုပန်းကုံး များစွပ်၍ ကြိုဆိုကြသည်။ အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးတို့မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ရုပ်ရှင်အနုပညာ ရှင်များ၊ ဒေသခံမိဘပြည်သူများကလည်း စစ်ကြောင်းကြီးများ ချီတက် ရာ လမ်းတစ်လျှောက် သောင်းသောင်းဖြဖြကြိုဆိုကာ ဂုဏ်ပြုပန်းကုံး များစွပ်၍ ကြိုဆိုခဲ့ကြပြီး စစ်ကြောင်းကြီးများမှ တပ်မတော်သားများ နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် ဇာတိသွေး၊ ဇာတိမာန်အပြည့်ဖြင့် စစ်ချီတေးများကို သံပြိုင်ဟစ်ကြွေးသီဆိုချီတက်လာကြကာ စစ်ရေးပြ ကွင်းအတွင်းသို့ ရောက်ရှိနေရာယူကြသည်။ ယင်းနောက် ဗိုလ်ကြီး ဒေါ်မေမြတ်မူ ဦးဆောင်သည့် အထူးတာဝန်တပ်ဖွဲ့(အမျိုးသမီး) စစ်ရေးပြ တပ်ခွဲနှင့် ဗိုလ်မှူး ဖြိုးမောင်မောင်ဝင်း ဦးဆောင်သည့် တပ်မတော်(ရေ) အထူးတပ်ဖွဲ့ စစ်ရေးပြတပ်ခွဲတို့က စစ်ရေးပြကွင်းအတွင်းသို့ ဆက်လက် ရောက်ရှိနေရာယူကြသည်။
»» စာမျက်နှာ ၆ မှ
အဆိုပါ (၇၇)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ကောင်စီအတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ၊ ရဲဘော်သုံးကျိပ်ဝင် မိသားစုဝင်များ၊ အငြိမ်းစားတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၏ မိသားစုဝင်များ၊ အငြိမ်းစားတပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီးများ၊ လွတ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့် မော်ကွန်းဝင်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး အဖွဲ့ဝင်များနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ အကြံပေးပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်သား အငြိမ်းစား သံအမတ်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ နိုင်ငံခြားစစ်သံရုံးများ မှ စစ်သံမှူးများနှင့် တာဝန်ရှိသူများ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ အောင်ဆန်းသူရိယဘွဲ့ရရှိခဲ့ သူများ၏ မိသားစုဝင်များနှင့် ဆွေမျိုးများ၊ သီဟသူရဘွဲ့၊ သူရဘွဲ့နှင့် တပ်မတော်စွမ်းရည် သတ္တိဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့၊ သူရဲကောင်း မှတ်တမ်းဝင် တံဆိပ်ရရှိခဲ့ကြသည့် အရာရှိ၊ စစ်သည်များနှင့် မိသားစု ဝင်များ၊ ဆွေမျိုးများ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ အသွင်ပြောင်းပြည်သူ့စစ်၊ မူလပြည်သူ့စစ်နှင့် နယ်ခြားစောင့်ဗဟို အကြံပေးကွပ်ကဲရေးအဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့တို့မှ ပုဂ္ဂိုလ်များ၊ ဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဝန်ကြီးဌာန အသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်သား (အငြိမ်းစား)ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ တို့မှ အငြိမ်းစားညွှန်ကြားရေးမှူးချုပ်များ၊ ဝိုင်အမ်ဘီအေအသင်းကြီး၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းနှင့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အသင်းဗဟိုတို့မှ တာဝန်ရှိသူများ၊ တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်းတွင် ပါဝင်ခဲ့သည့် အနုပညာရှင်များ၊ စစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည် ပြိုင်ပွဲများတွင် ဆုရရှိကြသူများ၊ တပ်မတော်နေ့ အလှူရှင်များ၊ သတင်းမီဒီယာကောင်စီ၊ ရုပ်ရှင်သဘင်ဂီတ အစည်းအရုံး နှင့် သေနင်္ဂဗျူဟာလေ့လာရေးအဖွဲ့တို့မှ တာဝန်ရှိသူများ၊ တက္ကသိုလ် လေ့ကျင့်ရေးတပ်များမှ တပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသားဖွံ့ဖြိုးရေး တက္ကသိုလ်မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ပြည်တွင်း ပြည်ပ သတင်း မီဒီယာများ တက်ရောက်ကြသည်။
လိုက်လံစစ်ဆေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကျင်းပသည့် စစ်ရေးပြကွင်းသို့ ရောက်ရှိပြီး အလေးပြုခံစင်မြင့်၌ နေရာယူရာ စစ်ကြောင်းကြီးများမှ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက အလေးပြု ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က စစ်ရေးပြစစ်ကြောင်းကြီးများအား လိုက်လံစစ်ဆေးသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်၊ စစ်ရေးပြစစ်ကြောင်းကြီးများမှ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုကြပြီး သစ္စာလေးချက်ကို သံပြိုင် ရွတ်ဆိုကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က မိန့်ခွန်းပြောကြားသည်။ (မိန့်ခွန်းအပြည့်အစုံကို စာမျက်နှာ ၃၊ ၄၊ ၅ တွင် ဖော်ပြထားပါသည်။)
ချီတက်အလေးပြု
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်အား စစ်ရေးပြမှူးကြီး ဗိုလ်ချုပ်ရဲကျော်သူ ဦးဆောင် သော စစ်ကြောင်းကြီးများမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များက အစီအစဉ်အတိုင်း စစ်ကြောင်းပုံဖြင့် ညီညာစွာ ချီတက်အလေးပြု ကြပြီး စစ်ရေးပြကွင်းကြီးအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။
ထိုသို့ ချီတက်အလေးပြုချိန်တွင် တပ်မတော်(လေ)မှ MI-17 သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် နှစ်စင်းတို့က “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံ”နှင့်
“တပ်မတော်အလံ”တို့ကို ချိတ်ဆွဲ၍ လည်းကောင်း၊ H-120 ရဟတ်ယာဉ် သုံးစင်းနှင့် H-125 ရဟတ်ယာဉ် နှစ်စင်းတို့က အမျိုးအစားမတူ မြားခေါင်းပုံ အုပ်ဖွဲ့ပျံသန်းခြင်း Composite Arrow Head Formation ပုံစံဖြင့်လည်းကောင်း၊ Y-12 အမျိုးအစား သယ်ယူပို့ဆောင်ရေး လေယာဉ်သုံးစင်းက Vic Formation ပုံစံဖြင့်လည်းကောင်း၊ ATR-42 အမျိုးအစား ပင်လယ်ပြင်ကင်းထောက် လေယာဉ်တစ်စင်းနှင့် BEECH 1900D အမျိုးအစား သယ်ယူပို့ဆောင်ရေး လေယာဉ်နှစ်စင်းတို့က အမျိုးအစားမတူအုပ်ဖွဲ့ပျံသန်းခြင်း Composite Vic Formation ပုံစံဖြင့် လည်းကောင်း။
သရုပ်ပြပျံသန်း
ထို့နောက် K-8 အပေါ့စားတိုက်ခိုက်ရေးလေယာဉ် ၃ နှင့် Yak-130 အပေါ့စား တိုက်ခိုက်ရေးလေယာဉ် နှစ်စင်းတို့က အမျိုးအစားမတူ မြားခေါင်းပုံအုပ်ဖွဲ့ပျံသန်းခြင်း Composite Arrow Head Formation ပုံစံဖြင့်လည်းကောင်း၊ K-8 W အပေါ့စား တိုက်ခိုက်ရေး လေယာဉ် ငါးစင်းက မြားခေါင်းပုံ အုပ်ဖွဲ့ပျံသန်းခြင်း Arrow Head Formation ပုံစံဖြင့်ပျံသန်းပြီး နိုင်ငံတော်အလံကိုယ်စားပြု အဝါရောင်၊ အစိမ်းရောင်၊ အနီရောင် မီးခိုးများကို ထုတ်လွှတ်၍လည်းကောင်း၊ Fokker 70 သယ်ယူ ပို့ဆောင်ရေးလေယာဉ် တစ်စင်းနှင့် MiG-29 ဘက်စုံသုံး တိုက်ခိုက်ရေး လေယာဉ်နှစ်စင်းတို့က အမျိုးအစားမတူ အုပ်ဖွဲ့ပျံသန်းခြင်း Composite Vic Formation ပုံစံဖြင့် လည်းကောင်း၊ Yak-130 အပေါ့စား တိုက်ခိုက်ရေး လေယာဉ် ငါးစင်းတို့က မြားခေါင်းပုံ အုပ်ဖွဲ့ပျံသန်းခြင်း Arrow Head Formation ပုံစံဖြင့် လည်းကောင်း၊ K-8 W အပေါ့စား တိုက်ခိုက်ရေး လေယာဉ် ငါးစင်းက ဒုတိယအကြိမ် မြားခေါင်းပုံ အုပ်ဖွဲ့ပျံသန်းခြင်း Arrow Head Formation ပုံစံဖြင့်ပျံသန်း ပြီး နိုင်ငံတော်အလံကိုယ်စားပြု အဝါရောင်၊ အစိမ်းရောင်၊ အနီရောင် မီးခိုးများကို ထုတ်လွှတ်၍ လည်းကောင်း၊ F-7 ကြားဖြတ်တိုက်ခိုက်ရေး လေယာဉ်ငါးစင်းက မြားခေါင်းပုံအုပ်ဖွဲ့ပျံသန်းခြင်း Arrow Head Formation ပုံစံဖြင့် လည်းကောင်း၊ MiG-29 ဘက်စုံသုံးတိုက်ခိုက်ရေးလေယာဉ် ငါးစင်းက မြားခေါင်းပုံစံအုပ်ဖွဲ့ပျံသန်းခြင်း Arrow Head Formation ပုံစံဖြင့် လည်းကောင်း၊ MiG-29 ဘက်စုံသုံးတိုက်ခိုက်ရေးလေယာဉ် ငါးစင်းက ဒုတိယအကြိမ်အဖြစ် Fan Break ခေါ် ယပ်တောင်ပုံ ခွဲထွက်ပျံသန်းပြီး Flare မီးကျည်များပစ်လွှတ်၍ လည်းကောင်း အသီးသီး သရုပ်ပြပျံသန်း ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်အား အလေးပြုကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် တက်ရောက်လာကြသည့် ဧည့်သည်တော်ကြီးများ အား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ စစ်ရေးပြကွင်းကြီးမှ ပြန်လည် ထွက်ခွာပြီး ၂၀၂၂ ခုနှစ် (၇၇)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက်သည်။
ခံ့ညားစွာ စိုက်ထူထား
(၇၇)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြကျင်းပသော နေပြည်တော်စစ်ရေးပြကွင်းကြီးတွင် ခံ့ညားစွာစိုက်ထူထားသည့် ပထမ၊ ဒုတိယနှင့် တတိယ မြန်မာနိုင်ငံတော်တို့ကို တည်ထောင်ခဲ့ကြသော မင်းသုံးပါးတို့၏ ကြေးရုပ်တုကြီးများကိုလည်းကောင်း၊ တပ်မတော်နေ့ မီးရှူးတိုင်နှင့် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် တံဆိပ်ကြီးကိုလည်းကောင်း ဝင့်ထည်စွာတွေ့မြင်နိုင်သည့်အပြင် ဗမာ့ လွတ်လပ်ရေးတပ်မတော်အလံ၊ ဗမာ့ကာကွယ်ရေးတပ်မတော်အလံ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)အလံများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)ညွှန်ကြားရေးမှူးရုံးအလံများ၊ တိုင်းစစ်ဌာနချုပ်၊ တပ်မဌာနချုပ် အသီးသီးနှင့် တပ်ရင်းတပ်ဖွဲ့များ၏ အမှတ်တံဆိပ်ပါ ရောင်စုံအလံများ တလွင့်လွင့် လွှင့်ထူထားကြသည်ကိုလည်း တွေ့မြင်နိုင်သည်။
ထို့အပြင် (၇၇) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်-မန္တလေး ကားလမ်းမနှင့် ပင်လောင်းလမ်းဆုံတွင် မျိုးချစ် စိတ်ဓာတ်ရှင်သန်ထက်မြက်ပြီး ဇာတိသွေး၊ ဇာတိမာန်တက်ကြွစေမည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)စစ်သည်များ၏ လှုပ်ရှားမှုပုံရိပ်များကို ဖော်ကျူးထားသော ပိုစတာကြီးများကို စိုက်ထူထားရှိပြီး စစ်ရေးပြကွင်း ရှေ့ရှိ လမ်းတစ်လျှောက်တွင်လည်း တပ်မတော်၏ ဆောင်ပုဒ်များကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ဆိုင်းဘုတ်များစိုက်ထူကာ စာတန်းများ ကိုလည်း ချိတ်ဆွဲထားရှိကြောင်း သိရသည်။
သတင်းစဉ်