
သာပေါင်း မတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး ပုသိမ် ခရိုင် သာပေါင်းမြို့နယ် တောင် ကလေးကျေးရွာအုပ်စု တောင်ယာ ကုန်းကျေးရွာရှိ သာပေါင်း-ရေနံ သာလမ်း ကွန်ကရစ်လမ်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များ တက်ရောက် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
လမ်းဖွင့်ပွဲတွင် တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း က သာပေါင်း-ရေနံသာလမ်းသည် သာပေါင်းမြို့နယ်တွင် စုစုပေါင်း ၂၃ မိုင် အရှည်ရှိပြီး ကျေးရွာပေါင်း ၅၅ ရွာသို့ ဆက်သွယ်ပေးထား သော အဓိကလမ်းတစ်လမ်းဖြစ် ပြီး လမ်းမိုင်အဆုံးအထိ နှစ်စဉ် ဘတ်ဂျက်အလိုက် ဆောင်ရွက် ပေး၍ ရာသီမရွေးသွားလာနိုင် သည့် ကွန်ကရစ်လမ်းအဖြစ် တည်ဆောက်ပေးသွားမည် ဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်း တို့က ကွန်ကရစ်လမ်းကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
မြို့နယ် (ပြန်/ဆက်)