
စစ်တွေ မတ် ၂၇
(၇၇)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို ယနေ့နံနက် ပိုင်းက အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ရေးပြကွင်း၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီး ချုပ် ဒေါက်တာ အောင်ကျော်မင်း နှင့်ဇနီး၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့်ဇနီး၊ ပြည်နယ် ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ် ဥပဒေချုပ်နှင့်ဇနီး၊ တိုင်းစစ်ဌာန ချုပ်မှ တပ်မတော်အရာရှိကြီးများ နှင့် ဇနီးများ၊ မိသားစုဝင်များ၊ တပ်ရင်း၊ တပ်ဖွဲ့မှူးများနှင့် အရာရှိ စစ်သည်မိသားစုဝင်များ၊ ဌာန ဆိုင်ရာများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ တက်ရောက်ကြ သည်။
ရှေးဦးစွာ (၇၇) နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုစစ်ရေးပြ တပ်ခွဲများက တိုင်းမှူးအား အလေးပြုကြပြီး နိုင်ငံတော်အလံ နှင့် ကျဆုံးလေပြီးသော တပ်မတော် သားများအား အလေးပြုကြကာ သစ္စာအဓိဋ္ဌာန်လေးချက် ရွတ်ဆို ကြသည်။ ထို့နောက် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးက တပ်မတော်နေ့ မိန့်ခွန်းပြောကြား ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး နှင့် အခမ်းအနားသို့ တက်ရောက် ကြသူများက စစ်တီးဝိုင်းတပ်စု၏ စစ်တီးဝိုင်းသရုပ်ပြသခြင်း၊ ရဲမေ များ၏ တပ်စိတ်တိုက်စစ် သရုပ် ပြသခြင်း၊ စစ်သည်များ၏ ယုံကြည်မှု ကွင်းအတားအဆီးများ ဖြတ်ကျော်သရုပ်ပြသခြင်း၊ ရဲမေ များ၏ လေဖိအားသုံး စိန်ပြောင်း သရုပ်ပြသခြင်း၊ လက်နက်ငယ် ဖြုတ်တပ် သရုပ်ပြသခြင်းနှင့် လက်နက်ကြီး (စိန်ပြောင်း) သရုပ်ပြသခြင်းများကို ကြည့်ရှု အားပေးကြသည်။ ယင်းနောက် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် တိုင်းအဆင့် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲတွင် ဆုရရှိကြသည့် အရာရှိစစ်သည် များနှင့် သရုပ်ပြသကြသည့် ရဲမေ များအား တိုင်းမှူးက ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေ များ ပေးအပ်သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးက (၇၇)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် သရုပ်ပြသကြ သည့် ရဲမေများအား ဂုဏ်ပြုဆုငွေ များ ပေးအပ်သည်။
ဆက်လက်ပြီး မွန်းလွဲပိုင်း တွင် (၇၇)နှစ်မြောက် တပ်မတော် နေ့အထိမ်းအမှတ် သက်ကြီး ဘိုးဘွားများအား ပူဇော်ကန်တော့ ပွဲကို အမ်းမြို့ရှိ ရွှေအမ်းတောင် ခန်းမ၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင် ကျော်မင်းနှင့်ဇနီး၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ တိုင်းစစ်ဌာနချုပ်မှ တပ်မတော် အရာရှိများနှင့်ဇနီးများ အမ်း တပ်နယ်မှ တပ်ရင်း၊ တပ်ဖွဲ့မှူးများ နှင့် မိသားစုဝင်များ ဌာနဆိုင်ရာ များ တက်ရောက်ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)