(၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပ

 

နေပြည်တော်   မတ်   ၂၇


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်          ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်    ဇနီး   ဒေါ်ကြူကြူလှတို့က တည်ခင်းဧည့်ခံသည့် ၂၀၂၂ ခုနှစ်၊ (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်  ဧည့်ခံပွဲနှင့်  ဂုဏ်ပြု ညစာစားပွဲ       အခမ်းအနားကို       ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ  ဇေယျာသီရိဗိမာန်  ဥပစာရင်ပြင်၌ ကျင်းပပြုလုပ်သည်။ 

 


မီးရှူးမီးပန်းများ ပစ်ဖောက်


ဂုဏ်ပြုညစာစားပွဲ      စတင်ကျင်းပချိန်တွင်  (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် တပ်မတော်နေ့စစ်ရေးပြကွင်းနှင့် ဘုရင့်နောင်ရိပ်သာ တို့မှ   မီးရှူးမီးပန်းများ  ပစ်ဖောက်ကြသည်။

 


အခမ်းအနားသို့          နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ  ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး  စိုးဝင်းနှင့်  ဇနီး  ဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ကောင်စီ အတွင်းရေးမှူးနှင့်               တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုတရားသူကြီးချုပ်၊    ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌ၊      ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊     ပြည်ထောင်စုစာရင်း စစ်ချုပ်၊     ပြည်ထောင်စု       ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဥက္ကဋ္ဌတို့နှင့် ၎င်းတို့၏ဇနီးများ၊ ရဲဘော်သုံးကျိပ် ဝင်မိသားစုဝင်များ၊  အငြိမ်းစား တပ်မတော်ကာကွယ် ရေးဦးစီးချုပ်များ၏   မိသားစုဝင်များ၊  အငြိမ်းစား တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ လွတ်လပ် ရေးမော်ကွန်းဝင်   ပထမအဆင့်၊    ဒုတိယအဆင့် နှင့်    တတိယအဆင့်   မော်ကွန်းဝင်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်  တရားသူကြီး များ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များနှင့်      ပြည်ထောင်စု    ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များနှင့်           အကြံပေးပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊  တပ်မတော်သား   အငြိမ်းစား သံအမတ်ကြီးများနှင့်ဇနီးများ၊         နေပြည်တော် ကောင်စီဝင်များ၊ စစ်ရေးပြမှူးကြီးနှင့် စစ်ကြောင်း၊ တပ်ရင်းမှူးများ၊ နိုင်ငံခြားစစ်သံရုံးများမှ  စစ်သံမှူး များနှင့်    တာဝန်ရှိသူများ၊   တစ်နိုင်ငံလုံး    ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး     သဘောတူစာချုပ်  (NCA) လက်မှတ်ရေးထိုးထားသည့်               တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ နိုင်ငံ ရေးပါတီများမှ    ဥက္ကဋ္ဌများနှင့်  တာဝန်ရှိသူများ၊  အောင်ဆန်းသူရိယဘွဲ့ရရှိခဲ့သူများ၏   မိသားစုဝင် များနှင့်  ဆွေမျိုးများ၊  သီဟသူရဘွဲ့၊   သူရဘွဲ့နှင့် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်        ရရှိခဲ့ကြသည့် အရာရှိ၊ စစ်သည်များနှင့်  မိသားစုဝင်များ၊ ဆွေမျိုး များ၊      မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ အသွင်ပြောင်း    ပြည်သူ့စစ်၊    မူလပြည်သူ့စစ်နှင့်  နယ်ခြားစောင့် ဗဟိုအကြံပေးကွပ်ကဲရေးအဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့တို့မှ  ပုဂ္ဂိုလ်များ၊   ဝန်ကြီးဌာန အသီးသီးမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြား ရေးမှူးများ၊    ဝန်ကြီးဌာနအသီးသီးတွင်   တာဝန် ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်သား (အငြိမ်းစား) ညွှန်ကြား ရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့တို့မှ အငြိမ်းစားညွှန်ကြားရေးမှူးချုပ်များ၊  ဝိုင်အမ်ဘီအေအသင်းကြီး၊  မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊  မြန်မာနိုင်ငံ  မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအသင်းဗဟိုတို့မှ တာဝန်ရှိသူ များ၊ တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်းတွင် ပါဝင်ခဲ့ သည့်  အနုပညာရှင်များ၊  စစ်ချီသီချင်း၊   စစ်သည် တေးသီချင်း၊ ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည် ပြိုင်ပွဲများတွင် ဆုရရှိကြသူများ၊ ဖိတ်ကြားထားသည့် အနုပညာရှင် များ၊ တပ်မတော်နေ့အလှူရှင်များ၊ သတင်းမီဒီယာ ကောင်စီ၊ ရုပ်ရှင်သဘင် ဂီတအစည်းအရုံးနှင့် သေနင်္ဂ ဗျူဟာလေ့လာရေးအဖွဲ့တို့မှ         တာဝန်ရှိသူများ၊ တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ  တပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ်မှ ဆရာ ဆရာမ များနှင့် ကျောင်းသား ကျောင်းသူများ၊ ဖိတ်ကြားထား သည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။ 

 


ရင်းရင်းနှီးနှီး နှုတ်ဆက်


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်နှင့်     ဇနီး   ဒေါ်ကြူကြူလှတို့သည် (၇၇)နှစ်မြောက်   တပ်မတော်နေ့  အထိမ်းအမှတ် ဧည့်ခံပွဲနှင့်  ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြ သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

 


(၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဧည့်ခံပွဲနှင့်    ဂုဏ်ပြုညစာစားပွဲတွင်  ညစာမသုံး ဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)           ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး  ကွပ်ကဲမှု အောက် မြဝတီတေးဂီတအဖွဲ့မှ  အနုပညာရှင်များက တေးသံသာများဖြင့် သီဆိုဖျော်ဖြေကြသည်။ 

 


ထို့နောက် (၇၇)နှစ်မြောက်  တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် Drone ယာဉ်ငယ်များကို အုပ်စု ဖွဲ့၍ စစ်ရေးပြကွင်းအဝင်မုခ်ဦးနှင့်  77th ARMED FORCES  DAY  စာတန်း၊ (၇၇) နှစ်မြောက် တပ်မတော် နေ့ စာတန်း၊   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြေပုံ၊  နိုင်ငံတော်အလံ၊  တပ်မတော် (ကြည်း၊ ရေ၊ လေ) သင်္ကေတ၊   တပ်မတော်(ကြည်း၊ ရေ၊ လေ) တံဆိပ်များ၊  မင်းကြီးသုံးပါးရုပ်တု၊    တင့်ကား၊ တပ်မတော်ရေယာဉ်၊ ရဟတ်ယာဉ်တို့၏  ပုံသဏ္ဌာန် များ၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏  အလေးပြုနေ သည့် ပုံသဏ္ဌာန်၊ (၇၇) နှစ်မြောက်တပ်မတော်နေ့အား ဂုဏ်ပြုပါသည်စာတန်းနှင့်  မီးရှူးမီးပန်း  ပစ်ဖောက် နေပုံတို့ကို Drone ယာဉ်ငယ်ပေါင်းများစွာကို  အသုံး ပြု၍ မောင်းနှင်အလှပြဂုဏ်ပြုကြသည်။ 

 


ညစာစားပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်နှင့်  အဖွဲ့ဝင်များက သီဆိုဖျော်ဖြေခဲ့ကြသည့် စစ်သည်၊ စစ်သမီးများအား အမှတ်တရဂုဏ်ပြုပန်းခြင်းများ    ပေးအပ်ခဲ့ကြပြီး တက်ရောက်လာကြသူများအား     ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ အခမ်းအနားအောင်မြင်ခြင်း အထိမ်း အမှတ်အဖြစ်    မီးရှူးမီးပန်းများ   ပစ်ဖောက်ကြ သည်။

 


ဆက်လက်ပြီး           နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်၊  ဇနီးဒေါ်ကြူကြူလှ နှင့် အခမ်းအနား  တက်ရောက်လာကြသူများသည် ဇေယျာသီရိဗိမာန် သဘင်ဆောင်အတွင်း၌ စစ်သည်၊ စစ်သမီးများ၊       နိုင်ငံကျော်အနုပညာရှင်များက မြဝတီတေးဂီတအဖွဲ့နှင့်တွဲဖက်၍    မြန်မာသံစဉ် တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုကို ကြည့်ရှု အားပေးခဲ့ကြပြီး ဂုဏ်ပြုပန်းခြင်း    ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်