(၇၇) နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြု မဲဘောင်-နောင်ပလိန်လမ်း၊ ရေကျော်-လှိုင်းပုံ-လှာကမြင်လမ်း၊ အားကစားရုံအဝင်လမ်းများနှင့် လှာကမြင်ဈေးသစ်တို့ ဖွင့်လှစ်

 

ဘားအံ   မတ်    ၂၇


(၇၇)  နှစ်မြောက်  တပ်မတော်နေ့ ကို  ဂုဏ်ပြုသောအားဖြင့် ဘားအံ မြို့နယ်    မဲဘောင်-နောင်ပလိန် လမ်း၊            ရေကျော်-လှိုင်းပုံ-လှာကမြင်လမ်းနှင့် အားကစားရုံ အဝင်လမ်းများဖွင့်ပွဲကို      မတ် ၂၇ ရက် နံနက်ပိုင်းက အဆိုပါလမ်း များ မုခ်ဦး၌ ကျင်းပသည်။

 


လမ်းများဖွင့်ပွဲတွင်      ကရင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့် ဦးက   ကျေးလက်လမ်း၊   တံတား လုပ်ငန်းများကို    ဖွံ့ဖြိုးတိုးတက် အောင်       ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နှင့်    မြို့ပြအချိုးညီစွာ ဖွံ့ဖြိုးတိုးတက်လာပြီး ကျေးလက် နေ    ပြည်သူများ၏    ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စရပ်များ အတွက်   အမြန်ဆုံးဆက်သွယ် သွားလာနိုင်ပြီး             အမျိုးသား ပို့ဆောင်ရေး     ပင်မစီမံကိန်းကို အထောက်အကူဖြစ်စေမည်  ဖြစ် ကြောင်း ပြောကြားသည်။

 


ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်၊ ပြည်နယ်တရားလွှတ်တော်         တရားသူကြီးချုပ်    ဒေါ်ခင်ဆွေ ထွန်း၊    ပြည်နယ်စီးပွားရေးရာ ဝန်ကြီး     ဦးစောခင်မောင်မြင့်၊  ပြည်နယ်     သယံဇာတရေးရာ ဝန်ကြီး ဦးဇော်ဝင်း၊ ပြည်နယ်လူမှု ရေးရာ      ဝန်ကြီး      ဦးစိုးလွင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး  ဝန်ကြီး    ရဲမှူးကြီး     ခင်ဇော်နှင့်  ပြည်နယ်ဥပဒေချုပ်       ဦးရဲလွင် တို့က    အဆိုပါ      လမ်းများကို ဖဲကြိုးဖြတ်        ဖွင့်လှစ်ပေးကြ သည်။

 


ယနေ့ ဖွင့်လှစ်သည့်လမ်းများ ကို     ၂၀၂၁-၂၀၂၂    ဘဏ္ဍာနှစ် ခြောက်လဘတ်ဂျက်  ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၁၂၅၄  ဒသမ   ၂၆၁   သန်းဖြင့်    ဝေပုံမြ ကုမ္ပဏီနှင့် First Azure Co.,Ltd တို့က  တင်ဒါအောင်မြင်ဆောင် ရွက်ခဲ့ခြင်းဖြစ်ပြီး        မဲဘောင်-နောင်ပလိန်လမ်းကို    ဘားအံ-လှိုင်းဘွဲလမ်းထိပ်မှ အားကစားရုံ အဝင်လမ်းဆုံအထိ   ၇   ဖာလုံကို ၂၄ ပေ အကျယ် ကတ္တရာကွန်ကရစ် လမ်းအဖြစ်       လည်းကောင်း၊ ရေကျော် - လှိုင်းပုံ - လှာကမြင် လမ်း ၆ ဖာလုံကို ၂၄  ပေ အကျယ် ကတ္တရာကွန်ကရစ်လမ်း  အဖြစ် လည်းကောင်း၊  ၁  မိုင် ၃ ဖာလုံကို ၂၄  ပေအကျယ် ကွန်ကရစ်လမ်း အဖြစ်လည်းကောင်း၊ အားကစားရုံ အဝင်လမ်း     နှစ်လမ်း  အရှည်   ၂  ဖာလုံကို   ၂၄   ပေ အကျယ် ကတ္တရာကွန်ကရစ်လမ်း    အဖြစ် အဆင့်မြှင့်တင်  ဆောင်ရွက်ပေး ခြင်းဖြစ်ကြောင်း သိရသည်။


စောမျိုးမင်းသိန်း (ပြန်/ဆက်)