
ရန်ကုန် မတ် ၂၆
ပြည်တွင်း၌ တရားဝင်တင်သွင်းရောင်းချထားသော ဟွာဝေးဖုန်းများအတွက် အပိုပစ္စည်းများကို ၂၀ ရာခိုင်နှုန်းအထိ လျှော့ဈေးဖြင့် ပြုပြင်နိုင်မည့် Huawei Service Carnival ဝန်ဆောင်မှုအစီအစဉ်ကို ဟွာဝေးက မတ် ၂၁ ရက်မှစ၍ တစ်နိုင်ငံလုံးရှိ ဟွာဝေး ဆားဗစ်စင်တာများ၌ ပြုလုပ်ထားပြီး ဝန်ဆောင်မှုကာလမှာ မေလကုန်အထိဖြစ်ကြောင်း သိရသည်။
ထိုအစီအစဉ်အရ ဟွာဝေးက သတ်မှတ်ထား သည့် ဖုန်းမော်ဒယ်အမျိုးမျိုး၏ အပိုပစ္စည်းများ လဲလှယ်ခြင်းအတွက် အများဆုံး ၂၀ ရာခိုင်နှုန်းအထိ လျှော့ဈေးဖြင့် ဝယ်ယူပြုပြင်နိုင်မည့်အပြင် ဝယ်ယူ ပြုပြင်သော အပိုပစ္စည်းများအတွက် ဟွာဝေး၏ တရားဝင် ရက် ၉၀ အာမခံကိုလည်း ရရှိမည်ဖြစ် ကြောင်း သိရသည်။ ထို့အပြင် ဖုန်းများကို ရှေ့/နောက် စတစ်ကာများကပ်ခြင်းအတွက်လည်း ဖုန်းမော်ဒယ်နှင့် အမျိုးအစားအလိုက် အများဆုံး ၆၀ ရာခိုင်နှုန်းအထိ လျှော့ဈေးများ ရနိုင်မည်ဖြစ် သည်။ လျှော့ဈေးဖြင့် အပိုပစ္စည်းများဝယ်ယူနိုင်မည့် ဖုန်းမော်ဒယ်နှင့် အမျိုးအစားများ၊ လျှော့ဈေးရရှိနိုင် မည့် ပမာဏများကို ဟွာဝေး၏ Consumer.huawei. com/mm ဝက်ဘ်ဆိုက်တွင်ဖြစ်စေ၊ Huawei Mobile လူမှုကွန်ရက်စာမျက်နှာတွင်ဖြစ်စေ မေးမြန်းနိုင် မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဝန်ဆောင်မှုကာလအတွင်း မည်သည့် ဖုန်းအမျိုးအစားအတွက် မည်သည့်အပိုပစ္စည်း ဝယ်ယူပြုပြင်မှုကို ပြုလုပ်သည်ဖြစ်စေ ဖုန်းပြင်ရန် ဆားဗစ်စင်တာသို့လာသည်နှင့် ဟွာဝေး၏ Cloud Storage တွင် သိုလှောင်မှုပမာဏ 50 GB ကိုလည်း ပေးအပ်သွားမည်ဖြစ်သည်။
အဆိုပါ ဖုန်းပြုပြင်သည့်ဝန်ဆောင်မှုကို ဟွာဝေး ၏ တရားဝင်ဆားဗစ်စင်တာတိုင်းတွင် ပြုလုပ်နိုင် မည်ဖြစ်သလို ဟွာဝေးအနေဖြင့် ဆားဗစ်စင်တာ မရှိသေးသော မြို့များတွင်လည်း ပြုပြင်ရမည့်ဖုန်း ကို ဆားဗစ်စင်တာများသို့ အခမဲ့ ပို့ဆောင်ပေးမည့် Delivery ဝန်ဆောင်မှုကို ပြုလုပ်ထားကာ အခမဲ့ ပို့ဆောင်ပေးသည့်ဝန်ဆောင်မှု ပြုလုပ်ပေးသည့် ဆိုင်လိပ်စာများကိုလည်း ဟွာဝေး၏ လူမှုကွန်ရက် စာမျက်နှာတွင် စုံစမ်းမေးမြန်းနိုင်ကြောင်း ဟွာဝေးမှ ထုတ်ပြန်ထားချက်အရ သိရသည်။
ကိုစိုး