အမေရိကန်၊ ယူအေအီး၊ ဘာရိန်းနှင့် မော်ရိုကိုနိုင်ငံတို့မှ ထိပ်တန်းသံတမန်များနှင့် အစည်းအဝေးကို အစ္စရေးက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်

 

ဂျေရုဆလင်   မတ်  ၂၆


အစ္စရေးနိုင်ငံသည် မတ်  ၂၇ ရက် နှင့်၂၈ ရက်တို့တွင်  လေးနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် အစည်း အဝေးကို  အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဟု  သိရသည်။ 

 


အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Yair Lapid၏  ဖိတ်ကြားမှုဖြင့် အမေရိကန်၊ ယူအေအီး၊ ဘာရိန်း နှင့် မော်ရိုကိုနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများသည် အစ္စရေးနိုင်ငံသို့ လာရောက်ကာ သမိုင်းဝင် အစည်း အဝေးပြုလုပ်သွားမည်ဖြစ်ကြောင်း အစ္စရေးနိုင်ငံခြား ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

 


အစ္စရေးနိုင်ငံသည်  ၂၀၂၀   ပြည့်နှစ်အတွင်း ယူအေအီး၊ ဘာရိန်းနှင့်မော်ရိုကို နိုင်ငံတို့နှင့် ပုံမှန် ဆက်ဆံရေး ပြန်လည်ထူထောင်ရန် သဘောတူညီမှု တွင် လက်မှတ် ရေးထိုးခဲ့သည်။                

ဆင်ဟွာ