
နေပြည်တော် မတ် ၂၆
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကန်ပိုက်တီကုန်သွယ်ရေး စခန်းမှ ယာဉ်တစ်စီးဖြင့် နှာခေါင်းစည်း တစ်တန်နှင့် လက်အိတ် ၀ ဒသမ ၄တန်ကို တင်သွင်းခဲ့သည်။
မတ် ၁ ရက်မှ ၂၆ ရက်အတွင်း အပြည်ပြည် ဆိုင်ရာဆိပ်ကမ်းများနှင့် ကုန်သွယ်ရေးစခန်းများမှ ကုမ္ပဏီ ခြောက်ခု၊ ယာဉ်စီးရေ ၁၀ စီးဖြင့် Oxygen အိုးခွံ ၆၈၀၊ OxygenPlant တစ်ခု၊ Oxygen Generator တစ်ခု၊ Oxygen Concentrator အခု ၁၀၀၊ လက်အိတ် ၂၂ တန်နှင့် နှာခေါင်း စည်း တန် ၇၀ တင်သွင်းခဲ့သည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာပစ္စည်း များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ် ပစ္စည်းများ တင်သွင်းခြင်းနှင့် ဆက်စပ်သည့် အသိပေးကြေညာချက်များ ကိုလည်း အများပြည်သူ သိရှိစေရန်ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေးစီစဉ် ဆောင်ရွက် ပေးထားကြောင်း သိရသည်။
သတင်းစဉ်