သမိုင်းပေးတာဝန် ကျေပွန်ခဲ့သော တပ်မတော်ပါ

 

(တျာချင်း)

 

*    နွေဦးအစ ကြွေကျရွက်ဝါ
    ရာသီနှင်းကြွင်း ပူခြင်းရှိန်လျော့လာ
    စစ်ထွက်လို့လာ ဒို့သဟာတစ်သင်း
    ရင်တွင်းပျော်လျက် တိုင်းပြည်အတွက်
    ပေးဆပ်သက်နှင်းအပ်သည်နှင့်လေး။
*    တိုင်းပြည်လူမျိုး ဂုဏ်မညှိုးစေရာ
    လမှာတပေါင်း ရက်ကောင်းကိုရွေးကာ
    မတ်လလယ်မှာ စစ်ထွက်လာကြောင်း
    ရက်ကောင်းရက်မွန် နှစ်ဆယ့်ခွန်
    တစ်ကိုးလေးလွန် ငါးရက်ကယ်နှင့်လေး။
*    ဖက်ဆစ်မျိုးယုတ် တိုက်ထုတ်ဖို့ရာ
    ငါတို့တပ်မတော် စစ်တလင်းဖော်ခဲ့တာ
    လူထုတွေပါ ပေါင်းကာတိုက်ကြ
    ဖက်ဆစ်တွေပြေး ဟိုအဝေး
    မနှေးအောင်ပွဲရသည်နှင့်လေး။
*    ဒို့ချွေး ဒို့သွေးပေးဆပ်မနှေးပါ
    တိုက်ရေးကြွယ်ကြွယ် ပရိယာယ်နှင့်သာ
    လေးဆယ့်ရှစ်ခါ နှစ်မှာလွတ်လပ်
    ပေးအပ်ခဲ့ပြီ ဒို့တိုင်းပြည်
    သာစည်ပွားတိုးခဲ့ပြီမို့လေး။
*    ယခုချိန်ခါ ဤကမ္ဘာကြီးမှာ
    အင်အားချိန်လျာညှိမှရတော့မှာ
    တပ်မတော်ဟာ ခိုင်မာတောင့်တင်း
    စုံခြင်းလက်နက် တပ်ဆင်လျက်
    တိုးတက်အစဉ်ရှိသည်နှင့်လေး။
*    သည်လွတ်လပ်ရေး တည်ရေးဓွန့်ရှည်ကြာ
    မြဲပါစေကြောင်း ဆုတောင်းပတ္ထနာ
    ဂရုပြုကြပါ သူငါခပင်း
    စည်းလုံးခြင်းဖြင့် အရင်းတည်
    ဒို့များညီညီစုကာပေါင်းသည်နှင့်လေး။
*    လွတ်လပ်ရေးကြီးဓွန့်ရှည်ဖို့ ဒို့များကြိုးစားကြပါစို့။
*    နယ်ချဲ့ဖက်ဆစ်တိုက်ထုတ်ပစ် နွံနစ်ရာမှရုန်းထဖို့။

ဘိုမျိုး (ရွှေဘို)