နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး (၇၇)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ကြမည့် အငြိမ်းစားတပ်မနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စတော်အရာရှိကြီးများအား ဂါရဝပြုနှုတ်ဆက်

 

နေပြည်တော်    မတ်     ၂၆


(၇၇) နှစ်မြောက်    တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့   တပ်မတော် တွင်        တာဝန်ထမ်းဆောင်ခဲ့သည့်   အငြိမ်းစား တပ်မတော်အရာရှိကြီးများနှင့် ဇနီးများသည်လည်း ပါဝင်တက်ရောက် ကြမည်ဖြစ်ပြီး  နေပြည်တော်ရှိ ဘုရင့် နောင်ရိပ်သာ၌  ခေတ္တတည်းခို  နေထိုင် လျက်ရှိသည်။

 


အဆိုပါ       အငြိမ်းစားတပ်မတော် အရာရှိကြီးများနှင့် ဇနီးများကို  နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ           ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး     ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က ယနေ့ညနေပိုင်းတွင် သွားရောက်၍ တွေ့ဆုံဂါရဝပြု နှုတ်ဆက် သည်။

 


ဦးစွာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်  ဇနီးတို့သည်   အငြိမ်းစား တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ ကို     တစ်ဦးချင်းလိုက်လံ      ဂါရဝပြု နှုတ်ဆက်ခဲ့ပြီး ကျန်းမာရေး၊  လူမှုရေး ဆိုင်ရာ   လိုအပ်ချက်များကို   မေးမြန်း၍   လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေး သည်။

 


ထို့နောက်     မြန်မာနိုင်ငံ၏  နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှုအခြေအနေများ၊ စစ်မှန် စည်းကမ်းပြည့်ဝ သည့်     ပါတီစုံဒီမိုကရေစီစနစ်     ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့်  ဖက်ဒရယ်စနစ်ကို     အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက်    နိုင်ငံ တော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူတို့ လက်တွဲ၍ တက်ညီလက်ညီဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်လျက် ရှိသည့်အခြေအနေ၊   စတင်သန္ဓေတည်ကတည်း ကပင် ရှိခဲ့သည့်   တပ်မတော်၏  ကောင်းမြတ်သည့် အစဉ်အလာကောင်းများကို ဆက်လက်၍ လက်ဆင့် ကမ်း    ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည့်   အခြေ အနေ၊  တပ်မတော်သားများနှင့်  မိသားစုဝင်များ၏ စားရေး၊ နေရေး၊ ဝတ်ရေးတို့နှင့် ပတ်သက်၍ အမြဲ  မပြတ်    ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများနှင့်     ပတ်သက်၍     ဆွေးနွေး ပြောကြားခဲ့ရာ အငြိမ်းစားတပ်မတော်အရာရှိကြီး များက  တပ်မတော်နေ့  စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရသည့်အတွက်    ဂုဏ်ယူဝမ်းမြောက် ကြောင်းနှင့် အခြားဩဝါဒစကားများကို  ပြန်လည် ပြောကြားခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်းစဉ်