
ကေကေစိုး
ပထမဆုံး အမြွှာကလေးနှစ်ယောက်ကိုရလိုက်စဉ် က နောက်ထပ်သမီးလေးများထပ်ရရင် သိပ်ကောင်း မှာပဲဟု တွေးခဲ့ဖူးကြောင်း ချာရာဒါကပြောသည်။
လက်လျှော့လိုက်ပြီဖြစ်
သို့သော်လည်း အခုတော့ ယင်းအစီအစဉ်ကို လက်လျှော့လိုက်ပြီဖြစ်ကြောင်း ၎င်းက ဆက်ပြော သည်။ အသက် ၃၆ နှစ်အရွယ် မိခင်တစ်ဦးဖြစ်သည့် ချာရာဒါသည် ၎င်း၏ ယောက်ျားလေး အမြွှာကလေး နှစ်ဦးတွင် ကိုဗစ်- ၁၉ ကူးစက်ခံရပြီးနောက် အလွန် အမင်း ခံစားခဲ့ရသည်။
၎င်းတို့သားအမိသုံးဦးစလုံးမှာ ပြတင်းပေါက် မရှိသည့် အခန်းထဲတွင် ၁၀ ရက်ကြာ အသွားအလာ ကန့်သတ်စောင့်ကြည့်မှုကို ခံယူခဲ့ရသည်။
အလုပ်နှင့်မိသားစုဘဝ ညီမျှရန်ခက်ခဲ
၎င်းမှာ တက္ကသိုလ်မှ ကျောင်းဆရာမတစ်ဦး ဖြစ်ပြီး ပီအိတ်ချ်ဒီရရန် ကြိုးပမ်းနေသူလည်း ဖြစ် သည်။ အသွားအလာစောင့်ကြည့်ကန့်သတ်ခံနေရစဉ်အတွင်း ကိုယ်ဝန်မဆောင်စဉ်ကာလကအဖြစ် ကို ပြန်လည်သတိရနေခဲ့သည်။
အလုပ်နှင့်မိသားစုဘဝ ညီညီမျှမျှဖြစ်စေရန် လုပ်ဆောင်ရန်ခဲယဉ်းကြောင်း၊ ယင်းသို့သော အကြောင်းများကြောင့် အလုပ်မှ ၎င်း၏ လုပ်ဖော် ကိုင်ဖက်များသည် ကလေးတစ်ယောက်သာယူရန် သို့မဟုတ် ကလေးလုံးဝမယူရန် ဆုံးဖြတ်လာကြခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
ကလေးယူရန် တွန့်ဆုတ်နေကြ
ချာရာဒါမှာ ထိုင်းနိုင်ငံမှ လူငယ်တစ်ဦးဖြစ်ပြီး လူနေမှုစရိတ်ကြီးမြင့်မှုတို့ကြောင့် ကလေးအများ ကြီးယူရန် တွန့်ဆုတ်နေသည့်လူများထဲမှ တစ်ဦး ဖြစ်သည်။ အမျိုးသားစာရင်းစစ်ရုံး၏ ဖော်ပြချက် အရ လူဦးရေ သန်း ၇၀ နီးပါးရှိသည့် ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့်နှစ်အတွင်း ကလေးငယ် ၅၄၀၀၀၀ သာ မွေးဖွားခဲ့ကြောင်း သိရသည်။
ယခုမြင်တွေ့နေရသည့် အကြောင်းအရာများ မှာ လွန်ခဲ့သည့်နှစ်ပေါင်း ၅၀ မှ ၆၀ အတွင်းပြောင်း လဲမှုများပင်ဖြစ်ကြောင်း ထိုင်းနိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအင်စတီကျု လူမှုလုံခြုံရေးကဏ္ဍ အကြံပေး ပုဂ္ဂိုလ်ဖြစ်သူ ဝိုရာဝန်ချန်ဒိုဗီဝစ်က ပြောသည်။
အမျိုးသမီးလုပ်သားဦးရေ တိုးတက်လာခဲ့
၁၉၆၅ ခုနှစ်က ထိုင်းအမျိုးသမီးများ၏ ကလေးမွေးဖွားမှုနှုန်းမှာ ၆ ဒသမ ၁ ရာခိုင်နှုန်း ဝန်းကျင်တွင်ရှိပြီး ၂၀၁၉ ခုနှစ်တွင် ၁ ဒသမ ၅၁ ရာခိုင်နှုန်း ကျဆင်းသွားသည်ဟု ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
ထိုင်းအမျိုးသမီးများ ကလေးမွေးဖွားမှုနှုန်း ကျဆင်းသွားရသည့် အဓိကအကြောင်းရင်းနှစ်ချက် မှာ ၁၉၇၀ ပြည့်နှစ်များက အကောင်အထည်ဖော် ခဲ့သည့် လူဦးရေထိန်းချုပ်သည့် လှုပ်ရှားမှုများ နှင့် ၁၉၈၀ ပြည့်နှစ်များတွင် စီးပွားရေးတိုးတက် လာမှုတို့ကြောင့်ဖြစ်ပြီး ယင်းအချက်များကြောင့် လုပ်ငန်းခွင်အတွင်း အမျိုးသမီးလုပ်သားဦးရေ တိုးတက်လာခဲ့သည်။
စရိတ်စကကြီးမြင့်
ကလေးမွေးဖွားမှုနှုန်း ကျဆင်းခြင်းမှာ ပုံမှန် သဘာဝလမ်းကြောင်းသဖွယ် ဖြစ်လာခဲ့ သည်ဟု ၎င်းက ပြောသည်။ မြို့ပြဧရိယာများတွင် ကလေးငယ်များကို ပြုစုပျိုးထောင်ရသည့် စရိတ် စကမှာလည်း နှစ်စဉ်နှင့်အမျှ ကြီးမြင့်လာခဲ့သည်။ ကလေးမွေးဖွားမှုနှင့်ပတ်သက်သည့် စိတ်ကူးစိတ် သန်းများ၊ ခံယူချက်များမှာလည်း ပြောင်းလဲလာခဲ့ သည်။
အလုပ်အကိုင်ကိုသာဦးစားပေးလာ
ယနေ့ခေတ်ကာလမျိုးတွင် ထိုင်းနိုင်ငံ၌ ကလေးမွေးဖွားခြင်းထက် မိမိတို့၏ အလုပ် အကိုင်ကို ပို၍ဦးစားပေးသည့် အမျိုးသမီးအရေ အတွက်မှာ တိုးလာခဲ့သည်။
ကလေးမွေးဖွားမှုနှုန်းကို ကျဆင်းလာစေ သည့် အချက်များကို ပြောင်းပြန်လှန်ပစ်နိုင်ရေး အတွက် ထိုင်းအစိုးရသည် ကလေးမွေးဖွားခြင်းကို အားပေးပြီး နိုင်ငံတစ်ဝန်း ကလေးပြုစုစောင့် ရှောက်ရေးစင်တာများနှင့် သားဖွားစင်တာများကို တည်ထောင်ပေးခဲ့သည်။
အခြေအနေကိုပြောင်းလဲပစ်ရန် ခက်ခဲ
ထို့ပြင် လူမှုကွန်ရက်မှ လူသိများသူများကို ငှားရမ်းပြီး ကလေးရှိခြင်းဖြင့် မည်သို့သော ပျော်ရွှင် မှုမျိုးကိုခံစားရကြောင်း ဆွဲဆောင်မှုများပြုလုပ်လာ ခဲ့သည်။ လုံလောက်သည့် ထောက်ပံ့မှုမျိုးမပေးဘဲ အမျိုးသမီးများကိုကလေးယူရန် တိုက်တွန်းအားပေး နေခြင်းမှာ အခြေအနေကို ပြောင်းလဲပစ်ရန် ခက်ခဲ သည်ဟုလည်း ဝိုရာဝန်ကပြောသည်။
ယုံကြည်ချက်မရှိတော့
ချာရာဒါကဲ့သို့ လူငယ်ကလေးအမေတစ်ဦး အနေဖြင့် ကလေးများကို ပြုစုစောင့်ရှောက်ရခြင်းဖြင့် လုပ်ငန်းခွင်နှင့်ဝေးကွာပြီး လုပ်ငန်းခွင်သို့ပြန်လည် ဝင်ရောက်ရန် အခြေအနေမပေးတော့ဟု ၎င်းက ဆက်ပြောသည်။
ကာလရှည်ကြာလုပ်ငန်းခွင်နှင့်ဝေးကွာခဲ့သည့် အတွက် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ရန် လုံလောက်သည့် ယုံကြည်ချက်မျိုး မရှိတော့ဟု လည်း ၎င်းက ဆက်ပြောသည်။
အလှမ်းကွာဝေးနေသေး
အိမ်မှာနေသည့် မိခင်များအပေါ် အစိုးရကပေး သည့် လူမှုအသိပေးမှုများသည် လူမှုအသိုင်း အဝိုင်းတွင် လက်ရှိရွေ့လျားနေသည့် ဦးတည်ချက် များနှင့်နှိုင်းယှဉ်လျှင် အလှမ်းကွာဝေးနေသေး ကြောင်း ကျွမ်းကျင်သူများက ပြောသည်။
အထောက်အပံ့ကောင်းများပေးစွမ်းနိုင်
ယခုအခြေအနေများကို သိသိသာသာထင်ထင် ရှားရှားပြောင်းလဲပစ်နိုင်ခြင်း မရှိသေးဟုလည်း ဝိုရာဝန်က ဆက်ပြောသည်။
မိဘများကို နေအိမ်မှအလုပ်လုပ်ရန် အခွင့် အလမ်းများ ဖန်တီးပေးခြင်းသည် ကလေးမွေးဖွား မှုနှုန်း မြင့်မားလာစေရန်အတွက် အကူအညီ အထောက်အပံ့ကောင်းများကို ပေးစွမ်းနိုင်သည်။ ငွေကြေးနှင့်လက်တွေ့ကျသော ကူညီပံ့ပိုးမှုများက စုံတွဲများ ကလေးပိုယူရန် အခွင့်အလမ်းကောင်းများ ဖြစ်လာနိုင်သည်ဟု ၎င်းက ဆက်လက်ပြောကြား ခဲ့သည်။ ။
ကိုးကား - ဆင်ဟွာ