
အင်ကာရာ မတ် ၂၅
တူရကီနိုင်ငံ အရှေ့တောင်ပိုင်း ဒိုင်ရာဘာကီပြည်နယ် စက်မှုဇုန် တစ်နေရာတွင် ပေါက်ကွဲမှုဖြစ်ပွား ခဲ့ပြီးနောက် လူ ၁၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံ ဒီအိတ်ချ်အေ သတင်းအေဂျင်စီ တွင် ဖော်ပြထားသည်။
တတိယ စီးပွားရေးဇုန်နေရာ တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ် ပြီး အဆိုပါနေရာမှာ ကာယာပီနာ ခရိုင်အလယ်ပိုင်းတွင် တည်ရှိ သည်။ လုပ်ငန်းခွင်အတွင်း ပေါက်ကွဲမှုဖြစ်စဉ်မှာ အောက်ဆီဂျင် ဆလင်ဒါနှင့် ဆက်စပ်မှုရှိကောင်း ရှိနိုင်သည်ဟု အဆိုပါသတင်း အေဂျင်စီတွင် ဖော်ပြထားသည်။
ပေါက်ကွဲမှု ဖြစ်ပွားရာနေရာ သို့ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်း များနှင့် ရဲများ ရောက်ရှိလာကြပြီး ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ အချို့မှာ ပြင်းထန်သည့် ဒဏ်ရာများရရှိခဲ့ ကြသည်ဟု သိရသည်။
ဆင်ဟွာ