
နေပြည်တော် မတ် ၂၅
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း၊ ဒုတိယဥက္ကဋ္ဌ ဦးဝင်း သော်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်း ဆွေနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက ဥရောပ-အာရှ စီးပွားရေးကော်မရှင်အဖွဲ့ အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒါရိုက်တာအဖွဲ့ အစည်းအဝေး ခန်းမ၌ လက်ခံ တွေ့ဆုံ သည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဥရောပ-အာရှ စီးပွားရေးကော်မရှင် အဖွဲ့ဝင်နိုင်ငံများအကြား ဘဏ် လုပ်ငန်းနှင့် ငွေရေးကြေးရေး ပူးပေါင်း ဆောင်ရွက်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အကျိုး တူ ပူးပေါင်းဆောင်ရွက်သွားရန် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေး ကြသည်။
သတင်းစဉ်