ကော့ကရိတ်မြို့နယ် ထို့ကော်ကိုး-ကျော်ခိုကျေးရွာချင်းဆက်လမ်းပေါ်၌ တံတားနှစ်စင်း တည်ဆောက်ပြီးစီး

 

နေပြည်တော်  မတ်   ၂၅
နယ်စပ်ရေးရာဝန်ကြီး          ဌာန နယ်စပ်ဒေသနှင့်  တိုင်းရင်းသား လူမျိုးများ   ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ကရင်ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ   ညွှန်ကြားရေး မှူး ဦးအောင်ထွဋ်၊  ကော့ကရိတ် ခရိုင်   ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး  ဦးစော ထူးနှင့်အဖွဲ့ဝင်များသည်  ယမန်နေ့ က ၂၀၂၁-၂၀၂၂  ဘဏ္ဍာနှစ် ပထမ ခြောက်လ ကရင်ပြည်နယ် ကော့ ကရိတ်မြို့နယ်အတွင်း  နယ်စပ် ဒေသဖွံ့ဖြိုးရေး   ပြည်ထောင်စု ရန်ပုံငွေကျပ် ၁၈၀ ဒသမ ၆၀၄ သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ထို့ကော်ကိုး-ကျော်ခို လမ်း ၁၈/၄ မိုင်ပေါ်တွင်    ပေ  ၈၀   သံကူ ကွန်ကရစ်   တံတားတစ်စင်းနှင့် ပေ ၂၀ သံကူကွန်ကရစ်တံတား တစ်စင်း      တည်ဆောက်ခြင်း လုပ်ငန်းများ၏      ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှု  အခြေအနေ များကို ကွင်းဆင်းစစ်ဆေးခဲ့သည်။
အချိန်တိုအတွင်း သွားလာနိုင်မည် 
အဆိုပါတံတားများ   တည် ဆောက်ပြီးစီးပြီဖြစ်၍ ကော့ကရိတ် မြို့နယ် နဘူးတံခွန်တိုင်ကျေးရွာ အုပ်စု     ထို့ကော်ကိုးကျေးရွာမှ မြဝတီမြို့သို့    လည်းကောင်း၊ မြဝတီမြို့နယ်    ရွှေကုက္ကိုလ်သို့ လည်းကောင်း အချိန်တိုအတွင်း သွားလာနိုင်မည်    ဖြစ်ကြောင်း ကော့ကရိတ်ခရိုင်      ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ သိရသည်။ 
သတင်းစဉ်