သတိပေးနှိုးဆော်ချက်

 

(၇၇)နှစ်မြောက်  တပ်မတော်နေ့  စစ်ရေးပြအခမ်းအနားအား ၂၇.၃.၂၀၂၂ ရက်နေ့တွင်   ကျင်းပပြုလုပ်မည်ဖြစ်သဖြင့်     အဆိုပါ နေ့ရက်တွင်    ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ပျဉ်းမနားမြို့နယ်၊  ဘောဂသီရိမီးပွိုင့်မှ   ဇေယျာသီရိမြို့နယ်၊    သိုက်ချောင်းလမ်းဆုံမီးပွိုင့်အထိ ယာဉ်သွားလာမှုအား နံနက် (၀၀၀၅)အချိန်မှ (၁၀၀၀)အချိန်ထိ   ခေတ္တလမ်းပိတ်/လမ်းလွှဲ ဆောင်ရွက်မည်ဖြစ်သဖြင့် မော်တော်ယာဉ်  မောင်းနှင်သွားလာနေကြသည့်   ယာဉ်မောင်းများ အနေဖြင့်    ၎င်းနေ့တွင်   နေပြည်တော်-ဇေယျာသီရိမြို့နယ်၊   သိုက်ချောင်းလမ်းဆုံ  မီးပွိုင့်မှ နိဗ္ဗာန်လမ်း (မြို့ပတ်လမ်း)အတိုင်း     ခွာညိုပန်းအဝိုင်းအထိ၊ ၎င်းမှ ရာဇသင်္ဂဟလမ်းအတိုင်း၊ ကုမုဒြာ ကြာပန်းအဝိုင်းအထိ၊ ရာဇဌာနီလမ်းအတိုင်း  ပျဉ်းမနားမြို့နယ်၊ ပန်းခင်းလမ်း  မီးပွိုင့်-ဘောဂသီရိမီးပွိုင့်မှတစ်ဆင့်    ရန်ကုန်-မန္တလေးလမ်းဟောင်းမှ     လမ်းလွှဲ    မောင်းနှင်ပေးကြပါရန် သတိပေးနှိုးဆော်အပ်ပါသည်။


နေပြည်တော်ယာဉ်စည်းကမ်းထိန်းသိမ်းရေး
ကြီးကြပ်မှုကော်မတီ