လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများ မြို့နယ်အသီးသီး၌ကျင်းပ

 

မိုးညှင်း    
ကချင်ပြည်နယ်    မိုးညှင်းမြို့တွင်   ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး   ဦးစီးဌာန၊    အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်  ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍   လူငယ်ရေးရာ အသိပညာပေး   ဟောပြောပွဲကို မတ် ၂၃ ရက်က အမှတ် (၂) အခြေခံပညာအထက် တန်းကျောင်း မြသရဖူခန်းမ၌ ကျင်းပသည်။ 
အဆိုပါ ဟောပြောပွဲတွင်  ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်အေးက “အကျင့် စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊     ခရိုင်အခြေခံပညာဦးစီးဌာနမှ    ခရိုင်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး     ဦးဝင်းမြင့်ထွန်းက “စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊  ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဦးအောင် ဇင်ဦးက “အားကစားမှ တစ်ဆင့် ကျန်းမာသန်စွမ်းလာပြီး အောင်မြင် သောဘဝပိုင်ရှင် လူငယ်များဆီသို့” ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောသည်။                         ဇွဲသူရအောင်(ပြန်/ဆက်)
 

 

ကျွန်းလှ 
စစ်ကိုင်းတိုင်းဒေသကြီး  ကျွန်းလှမြို့နယ် လူငယ်ရေးရာ အသိပညာ ပေးဟောပြောပွဲကို    မတ် ၂၃ ရက်က    အခြေခံပညာအထက်တန်း ကျောင်း (ကျွန်းလှ) ခန်းမ၌   ကျင်းပသည်။ မြို့နယ်ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာန   ဦးစီးမှူး ဦးဖိုးချိုက “ အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့်    မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး”   အကြောင်းကိုလည်းကောင်း၊     မြို့နယ်အားကစားနှင့်    ကာယပညာ ဦးစီးဌာန   ဦးစီးမှူး ဒေါ်နွယ်နွယ်ထွန်းက “လူငယ်နှင့် အားကစား အကြောင်းတို့ကို  ရှင်းလင်းပြောကြားကြသည်။
မျိုးဝင်းညို(ကျွန်းလှ)
 

 

ဘုတ်ပြင်း 
တနင်္သာရီတိုင်းဒေသကြီး    ဘုတ်ပြင်းမြို့နယ်တွင်    လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို မတ် ၂၃ ရက်က အခြေခံပညာအထက် တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပသည်။ 
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန  ဦးစီးမှူး   ဒေါ်ဖြူဖြူသိန်းက   လူငယ်များအနေဖြင့် ကာယ ဗလ၊  ဉာဏဗလ၊  စာရိတ္တဗလ၊  မိတ္တဗလ၊  ဘောဂဗလ     စသည့် ဗလငါးတန် ပြည့်စုံရန်လိုအပ်ကြောင်း၊ နွေရာသီ ကျောင်းပိတ်ရက်များ တွင်လည်း ပြည်သူ့စာကြည့်တိုက်သို့ စာပေလာရောက် လေ့လာ ဖတ်ရှုနိုင်ကြောင်း၊  မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးမြတ်သူရဇော်က လူငယ်လူရွယ်များ ကိုယ်လက်    လှုပ်ရှားကျန်းမာကြံ့ခိုင်ရေး    သိကောင်းစရာများနှင့်    အားကစားကို   ဝါသနာပါသည့်  လူငယ်မောင်မယ်များအနေဖြင့်  နွေရာသီ ကျောင်း ပိတ်ရက်များတွင်    ဖွင့်လှစ်မည့်    အားကစားနည်းများအလိုက် တက်ရောက်လိုပါကလည်း    ကြိုတင်စာရင်းပေးသွင်းနိုင်ကြောင်း ပြောကြားသည်။                                        

မြို့နယ်( ပြန်/ဆက်) 

 

လားရှိုး                                                                                                                               
ရှမ်းပြည်နယ်မြောက်ပိုင်း  လားရှိုးမြို့  ပြန်လည်ထူထောင်ရေးစခန်း၊ စခန်းအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်း(အမျိုးသမီး)(၁/၂၀၂၂) တက်ရောက်နေသော သင်တန်းသူ များအား  ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့  ပူးပေါင်း၍  နယ်လှည့်စာကြည့်တိုက်နှင့် လူငယ်ဆိုင်ရာအသိပညာပေး ဟောပြောပွဲကို မတ် ၂၃ ရက်က ကျင်းပ သည်။
ဟောပြောပွဲတွင်  လားရှိုးခရိုင်  ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန  လက်ထောက်ညွှန်ကြားရေးမှူး  ဒေါ်ကေသွယ်ဟန်က    စာဖတ်ရှိန်မြှင့်တင်ရေး    အကြောင်းအရာများကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန     ခရိုင်ဦးစီးအရာရှိ    ဒေါ်ခင်မာကြူက   စားသုံးသူ       ကာကွယ်ရေးဥပဒေနှင့်   ပတ်သက်၍လည်းကောင်း၊     ပြန်ကြားရေးနှင့်   ပြည်သူ့ဆက်ဆံရေးဦးစီးဌာန   ခရိုင်ဦးစီးအရာရှိ  ဦးစိုင်းထွန်းနေလှိုင်က   သတင်းအမှား၊   အမှန်ခွဲခြားသုံးသပ်ရာတွင် စဉ်းစားရမည့်အချက်များ၊   Social Media    အသုံးပြုခြင်း၏ ကောင်းကျိုး၊  ဆိုးကျိုးများ စသည့်အကြောင်းအရာများ  ဟောပြော သည်။               စိုင်းအောင်ကျော်စိုး

 

မိုင်းဖြတ် 
ရှမ်းပြည်နယ်အရှေ့ပိုင်း         မိုင်းဖြတ်မြို့နယ်တွင်    လူငယ်ရေးရာဆိုင်ရာ     အသိပညာပေးဟောပြောပွဲကို မတ် ၂၃ ရက်က အထက(မိုင်းဖြတ်)ကျောင်း၌ ကျင်းပသည်။
အခြေခံပညာအထက်တန်းကျောင်း(မိုင်းဖြတ်)မှ   ကျောင်းအုပ် ဆရာမကြီး ဒေါ်အမာကြည်က မကြာမီ စာမေးပွဲများ ဖြေဆိုပြီးမြောက် တော့မည်  ဖြစ်သည့်အတွက်  နွေရာသီကာလများတွင်  ကျောင်းသား ကျောင်းသူ၊ လူငယ်မောင်မယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာအသုံး ချတတ်စေရေး၊ ဗလငါးတန်ဟူသည့် ကာယဗလ၊ ဉာဏဗလ၊ မိတ္တဗလ၊ စာရိတ္တဗလ၊ ဘောဂဗလတို့ဖြင့်ပြည်စုံစွာ နေထိုင်ပြုမူလိုက်နာကျင့်သုံး စေရေး ပြောကြားသည်။ 
မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က လူငယ်များ ဘက်စုံဖွံ့ဖြိုးရေး အတွက် “အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်မှု    ရှိရန်လိုအပ်ကြောင်း    ကျောင်းသား ကျောင်းသူ၊ လူငယ်မောင်မယ်များအနေဖြင့်     “ယနေ့လူငယ် နောင်ဝယ် လူကြီး”    ဆိုသည့်အတိုင်း      နိုင်ငံတော်တာဝန်များကို      လက်ဆင့်ကမ်းပခုံး ပြောင်း ထမ်းဆောင်ကြရမည့်  မိမိတို့သည် ဗလငါးတန်နှင့် ပြည့်ဝစေ ရေး၊ လူငယ်များ “အကျင့်စာရိတ္တကောင်းမွန်ပြီး  လူ့ပတ်ဝန်းကျင်နှင့်  လိုက်လျောညီထွေစွာနေတတ်ရန်နှင့်  မျိုးချစ်စိတ်ဓာတ်ရှင်သန်မှုရှိပြီး  နိုင်ငံနှင့် လူမျိုးကို ချစ်မြတ်နိုးရန်၊  ပြည်ထောင်စုစိတ်ဓာတ် ထွန်းကား၍   နိုင်ငံနှင့် လူမျိုးကိုချစ်မြတ်နိုးစိတ်ဖြင့်  ကြိုးစား ဆောင်ရွက်ကြရန်  ဟောပြောသည်။                                
သန်းထွန်းအေး(ပြန်/ဆက်) 

 

ဘူးသီးတောင် 
ရခိုင်ပြည်နယ်    ဘူးသီးတောင်မြို့၌   လူငယ်ရေးရာ      အသိပညာပေး ဟောပြောပွဲကို  မတ် ၂၃ ရက်က  အမှတ်(၁)  အခြေခံပညာအထက် တန်းကျောင်း  မေယုရတနာခန်းမ၌  ကျင်းပသည်။ 
 ဟောပြောပွဲတွင် ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန    ဦးစီးအရာရှိ ဒေါ်အေးအေးအောင်က  အကျင့် စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်   ရှင်သန်ထက်မြက်ရေး ခေါင်းစဉ်ဖြင့်  ယခုအရွယ်မှစပြီး ဗလငါးတန်နှင့် ပြည့်စုံအောင်၊ နိုင်ငံ နှင့်လူမျိုးကို ချစ်မြတ်နိုးတတ်အောင်၊ တန်ဖိုးထားတတ်အောင် အသိ ပညာ၊ အတတ်ပညာများကို      လေ့လာဆည်းပူးကြစေလိုကြောင်း၊ နွေရာသီ ကျောင်းပိတ်ရက်ရှည်ကာလများတွင် အချိန်ကို အကျိုးရှိစွာ အသုံးချစေလိုကြောင်း၊   ပြင်ပဗဟုသုတရရှိစေရန်  စာပေများဖတ်ရှု လေ့လာကြစေလိုကြောင်း၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်များတွင် အသိပညာ ဗဟုသုတ ရရှိစေရန်    စာအုပ်စာပေများနှင့်   သုတရသစာအုပ်စာစောင်များကို အခမဲ့လာရောက်ဖတ်ရှုပြီး  ငှားရမ်းနိုင်ကြောင်း၊   ဘူးသီးတောင်မြို့လူထုအခြေပြုဗဟိုဌာနတွင်   ပြိုင်ပွဲများ၊ သင်တန်းများ ဖွင့်လှစ်ပေး မည်ဖြစ်ကြောင်း၊    မြို့နယ်အားကစားမှူး    ဒေါ်ဥမ္မာသန်းက လူငယ် များအနေဖြင့် ကျောင်းပညာရေးအပြင်  အားကစားကဏ္ဍ  အထူးလေ့လာလိုက်စားစေလိုကြောင်း၊   သို့မှသာ  ကျန်းမာကြံ့ခိုင်ပြီး  ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ဖြစ်လာမည် ဖြစ်ကြောင်း၊ နွေရာသီ အားလပ်ရက်ရှည်ကာလတွင်  အားကစား သင်တန်း၊   ပြိုင်ပွဲများ၌ တက်ရောက်ပါဝင်ကာ အချိန်ကို အကျိုးရှိရှိ အသုံးချကြပေးစေလိုကြောင်း   လူငယ်နှင့်အားကစား    ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောသည်။                    

 

လှကျော်(ပြန်/ဆက်)