မြောက်ကိုရီးယား ယခုနှစ်အတွင်း (၁၁) ကြိမ်မြောက် ဒုံးကျည် စမ်းသပ်ပစ်လွှတ်

 

တိုကျို   မတ်    ၂၄  


မြောက်ကိုရီးယားသည် ပဲ့ထိန်းဒုံးကျည်ပုံစံတစ်မျိုးဟု  ယူဆရသည့်  ဒုံးကျည်တစ်စင်းကို ပစ်လွှတ်ခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။ 

 


အဆိုပါဒုံးကျည်သည်   မတ်     ၂၄     ရက်က  ဟော့ကိုင်းဒိုးခရိုင်မြောက်ပိုင်း ကမ်းလွန်ပင်လယ်  ထဲသို့ ကျခဲ့သည်ဟု ဂျပန်အာဏာပိုင်များက ယုံကြည် ထားသည်။   ဘရက်ဆဲလ်တွင်  ကျင်းပမည့်  စက်မှု ထိပ်သီးနိုင်ငံများ   (ဂျီ-၇)    အစည်းအဝေးမတိုင်မီ မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုကို ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါးက ရှုတ်ချလိုက်သည်။ 

 


ယခုနှစ်အစပိုင်းမှစကာ မြောက်ကိုရီးယားသည်  ဒုံးကျည်များကို မကြာခဏစမ်းသပ်ပစ်လွှတ်လေ့ရှိပြီး အဆိုပါ    ပစ်လွှတ်မှုများတွင်   အိုင်စီဘီအမ်အမျိုး အစားသစ်    ဒုံးကျည်လည်းပါဝင်သည်။   မြောက် ကိုရီးယား၏ ယခုလိုမျိုး အဆက်မပြတ်ဆောင်ရွက် မှုများသည် ဒေသတွင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းနှင့်  ဂျပန်နိုင်ငံ၏   ငြိမ်းချမ်းရေးနှင့်  လုံခြုံရေးကို   ခြိမ်း ခြောက်လျက်ရှိသောကြောင့်     လုံးဝသည်းမခံသင့် ကြောင်း ဂျပန်ဝန်ကြီးချုပ်က ပြောကြားလိုက်သည်။ 

 


နောက်ဆုံး ဒုံးကျည်ပစ်လွှတ်စမ်းသပ်ခြင်းသည် သက်ဆိုင်ရာ  လုံခြုံရေးကောင်စီ၏  ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာရောက်ကြောင်း၊      မိမိတို့အနေဖြင့် ပြင်းထန်စွာ ဆန့်ကျင်ရမည်ဖြစ်ကြောင်းနှင့် ရှုတ်ချ ရမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ်က ဆက်လက် ပြောကြားသည်။ ဖြစ်လာနိုင်သည့် အရေးယူပိတ်ဆို့ ခြင်း အပါအဝင် နောက်ထပ်အရေးယူမှုများနှင့် ပတ် သက်ပြီး  မိမိတို့အနေဖြင့်  အမေရိကန်ပြည်ထောင်စု နှင့်တောင်ကိုရီးယားနိုင်ငံတို့အပါအဝင် နိုင်ငံများနှင့် အနီးကပ်     ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားလိုက်သည်။ 

 


မြောက်ကိုရီးယား၏    ဒုံးကျည်အစီအစဉ်နှင့် ပတ်သက်ပြီး တခြား ဂျီ-၇ အဖွဲ့ဝင်နိုင်ငံခေါင်းဆောင် များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ ဒုံးကျည်သည် ဂျပန်ပင်လယ်ထဲသို့မကျမီ  ၇၁ မိနစ်ကြာ ပျံသန်းခဲ့ကြောင်း ဂျပန်အာဏာပိုင် များက ပြောသည်။ ဒုံးကျည်သည် ၁၁၀၀ ကီလိုမီတာ ခန့်ပျံသန်းခဲ့ပြီး အမြင့် ကီလိုမီတာ ၆၀၀၀ ကျော် အထိရောက်ရှိခဲ့သည်။  မြောက်ကိုရီးယား၏ ဒုံးကျည် ပစ်လွှတ်မှုများတွင်   အမြင့်ဆုံး     ရောက်ရှိခဲ့သော ဒုံးကျည်ဖြစ်သည်။  ယခုပစ်လွှတ်မှုသည် ယခုနှစ် အတွင်း‌   မြောက်ကိုရီးယား၏  (၁၁)  ကြိမ်မြောက် ပစ်လွှတ်မှုဖြစ်သည်။ 


အင်န်အိတ်ချ်ကေ