
နေပြည်တော် မတ် ၂၄
၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ် မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံကျော်အနုပညာ ရှင်များက ဂီတဖျော်ဖြေပွဲကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် သဘင်ဆောင်၌ ကျင်းပပြုလုပ်သည်။
သီဆိုကပြဖျော်ဖြေ
အဆိုပါဖျော်ဖြေပွဲတွင် နိုင်ငံကျော်အနုပညာရှင်များက မြဝတီ တေးဂီတအဖွဲ့နှင့် တွဲဖက်၍ မြန်မာသံစဉ်တေးသီချင်းများ၊ ခေတ်ပေါ် တေးသီချင်းများနှင့် ဟာသတစ်ခန်းရပ် ပြဇာတ်တို့ဖြင့် သီဆိုကပြ ဖျော်ဖြေကြသည်။
ကြည့်ရှုအားပေး
ဖျော်ဖြေပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် ဇနီးများ၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အရာရှိ၊ စစ်သည်များ၊ မိသားစု ဝင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် သီဆို၊ ကပြ ဖျော်ဖြေ ခဲ့ကြသည့် အနုပညာရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်