
နေပြည်တော် မတ် ၂၃
ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အား သစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေး အစီအစဉ်များကို တိုးမြှင့် တင်ဆက်လျက်ရှိရာ “ မြန်မာ့ရှုခင်း မြန်မာ့စိတ်ရင်း ” MRTV Orchestra ဖျော်ဖြေပွဲ ကို မတ် ၂၅ ရက် (သောကြာနေ့) ည ၈ နာရီ သတင်းအပြီးတွင် မြန်မာ့ အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့်ပြသ မည် ဖြစ်သည်။
ယင်းအစီအစဉ်ကို မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား၏ သံစုံတီးဝိုင်း (MRTV Orchestra) နှင့်အတူ ခေတ်ပေါ်တီးဝိုင်းနှင့် မြန်မာ့ဆိုင်းဝိုင်းကြီးတို့၏ ပါဝင် တီးခတ်မှုဖြင့် တေးသံရှင်များ ဖြစ်ကြသည့် ရဲထိုက်၊ ရဲရင့်ဝေလွင်၊ ကြူကြူခိုင်၊ သဒ္ဒါဖြူ၊ ဘုန်းသစ်၊ မြနန္ဒာ၊ ဘိုမ၊ ရဲဝင့်လှိုင်၊ အိမ့်သရဖူ နှင့် သီရိစံတို့က ဖျော်ဖြေတင်ဆက် ကြမည်ဖြစ်သည်။
ထိုသို့ တင်ဆက်မှုကို မတ် ၂၇ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ထပ်မံ ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်