
နေပြည်တော် မတ် ၂၃
ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အား သစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့ အသံနှင့်ရုပ်မြင်သံကြားမှ ဖျော်ဖြေ ရေးအစီအစဉ်များကို တိုးမြှင့် တင်ဆက်လျက်ရှိရာ“ဟားစတိုင်လ် ရဲ့ အောင်ပွဲအငြိမ့်” ဖျော်ဖြေပွဲကို မတ် ၂၆ ရက် (စနေနေ့) ည ၈ နာရီ သတင်းအပြီးတွင် မြန်မာ့အသံ နှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့်ပြသမည် ဖြစ်သည်။
ယင်းဖျော်ဖြေမှုကို လူရွှင်တော် စတားကောင်းထက် စီစဉ်ပြီး မဟာရန်ကုန် အောင်စည်မိုး ဆိုင်း ဝိုင်းကြီးအဖွဲ့၏ တီးခတ်မှုနှင့်အတူ ခေါင်းဆောင်မင်းသမီး ဝိုင်းကြာ ဖြူ ၊ ရှေ့ထွက်မင်းသမီး အေးသဉ္ဇာ ထွန်း၊ လူရွှင်တော်များဖြစ်ကြသည့် စတားကောင်းထက်၊ ကောင်းမွန်၊ ဖြိုးဖြိုးနှင့် ဖြူဖွေးတို့က ဖျော်ဖြေ တင်ဆက်ကြမည် ဖြစ်သည်။
ထိုသို့ တင်ဆက်မှုကို မတ် ၂၇ ရက် (တနင်္ဂနွေနေ့) မွန်းလွဲပိုင်း National News အင်္ဂလိပ်ဘာသာ သတင်းအစီအစဉ် အပြီးတွင် ဒုတိယအကြိမ် ထမ်မံ ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်