လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများ မြို့နယ်အသီးသီး၌ကျင်းပ

 

တောင်တွင်းကြီး


မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ပေလေးပင်ခန်းမ၌  မတ်   ၂၂   ရက်က ကျောင်းသား ကျောင်းသူလူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်ရေး၊ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် ကျန်းမာကြံ့ခိုင် စေရေးရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာန၊  အားကစားနှင့်ကာယပညာဦးစီးဌာနတို့က လူငယ်ရေးရာ အသိပညာပေးဟောပြောသည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်က ကျောင်းသား ကျောင်းသူ လူငယ်များ ဗလငါးတန်ဖြင့် ပြည့်စုံစေပြီး နောင်အနာဂတ်၏ နိုင်ငံ့ သားကောင်း၊  သမီးကောင်းများစွာ   ပေါ်ထွန်းစေရန်အတွက်    မျိုးချစ် စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးနှင့် အကျင့်စာရိတ္တကောင်းမွန်ရေးအကြောင်းနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အကြီးတန်း စာရေး  ဒေါ်ခင်မျိုးဆွေတို့က  ကျန်းမာရေးကဏ္ဍ၏ အရေးကြီးပုံနှင့် နွေရာသီကျောင်းပိတ်ရက်တွင်   အားကစားသင်တန်းများ     ဖွင့်လှစ် ပို့ချမည်ဖြစ်သဖြင့်   မိမိတို့ဝါသနာပါရာအလိုက်  သင်တန်းများကို တက်ရောက်နိုင်ကြောင်း ဟောပြောသည်။       နိုင်ဝင်း(ပြန်/ဆက်) 
 

 

ပန်းတောင်း
ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် အခြေခံပညာအထက်တန်း ကျောင်းခန်းမ၌  မတ် ၂၃ ရက်က   လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပသည်။
ဟောပြောပွဲတွင်    မြို့နယ်အားကစားမှူး   ဒေါ်စောမာလာက နွေရာသီကျောင်းပိတ်ရက်ရောက်မည်ဖြစ်သဖြင့် လူငယ်လူရွယ်များ၏ ကျန်းမာကြံ့ခိုင်မှု၊ အသိပညာဗဟုသုတ ပြည့်စုံကြွယ်ဝမှု၊ အရည်အချင်း ပြည့်ဝမှု စသည့် ဘက်ပေါင်းစုံမှ အရည်အသွေးမြင့်မားစေရေးအတွက် နွေရာသီသင်တန်းများ   တက်ရောက်ခြင်းဖြင့်   အားလပ်ရက်ချိန်ကို အကျိုးရှိစွာ အသုံးချစေလိုကြောင်း၊  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သင်းသင်း​အေးက လူငယ်နှင့်မျိုးချစ်စိတ် ကဏ္ဍခေါင်းစဉ်ဖြင့်    နိုင်ငံ၏အနာဂတ်တာဝန်များကို    ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့် လူငယ်လူရွယ်များ မျိုးချစ်စိတ်၊ နိုင်ငံ ချစ်စိတ်ရှိစေရေး    အထူးလိုအပ်ကြောင်းနှင့်    လူငယ်လူရွယ်များ စိတ်ဓာတ်ရေးရာ   မြင့်မားပြီး   မှန်ကန်သော  လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းစေလိုကြောင်း ဟောပြောသည်။
သင်းသင်းအေး(ပြန်/ဆက်)
 

 

သန်လျင်           
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ “လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို မတ် ၂၃ ရက်က သန်လျင် မြို့အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း ရတနာရှင်းသန့် ခန်းမ၌ ကျင်းပသည်။
ဟောပြောပွဲတွင်   အားကစားနှင့်  လူငယ်ရေးရာဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မျိုးထွန်းက “အားကစား စိတ်ဓာတ်မြင့်မားရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေး မှူး  ဒေါ်လှပိုမိုက  “အကျင့်စာရိတ္တကောင်းမွန်ရေးနှင့်   တိုင်းချစ် ပြည်ချစ်စိတ်ဓာတ်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ခရိုင်ပညာရေးမှူး   ဦးဘသန်းက “စိတ်ဓာတ်ကောင်းများ ဖြစ်ထွန်းရေး၊ စည်းကမ်းလိုက်နာ ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း ပညာပေးဟောပြောသည်။
ခရိုင်(ပြန်/ဆက်)

 

မှော်ဘီ 
ရန်ကုန်​မြောက်ပိုင်းခရိုင် မှော်ဘီမြို့နယ် အမှတ်(၂) အ​ခြေခံပညာ အထက်တန်းကျောင်း ​ရွှေရတုခန်းမ၌ မတ် ၂၃ ရက်က လူငယ်ရေးရာ ဟောပြောပွဲပြုလုပ်ရာ ရန်ကုန်​မြောက်ပိုင်းခရိုင် ပညာ​ရေးမှူး ဒုတိယ ညွှန်ကြား​ရေးမှူး ဒေါက်တာသင်းမာလာက စိတ်ဓာတ်​ကောင်းများ ဖြစ်ထွန်း​ရေးနှင့် စည်ကမ်းလိုက်နာ​ရေးအ​ကြောင်း၊ ရန်ကုန်မြောက်ပိုင်း ခရိုင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန လက်​ထောက် ညွှန်ကြား​ရေးမှူး​ဒေါ်​အေး​အေးခိုင်က အကျင့်စာရိတ္တ​ကောင်းမွန်​ရေး နှင့် တိုင်းချစ်ပြည်ချစ်စိတ်အ​ကြောင်းနှင့် ခရိုင်အားကစားနှင့် လူငယ်​ရေးရာဝန်ကြီးဌာန​  ရန်ကုန်မြောက်ပိုင်းခရိုင် ဦးစီးမှူး လက်​ထောက် ညွှန်ကြား​ရေးမှူး ​ဒေါ်ယဉ်ဦးခိုင်က စိတ်ဓာတ်မြင့်မား​ရေးအ​ကြောင်း တို့ကို  တက်​ရောက်လာကြသည့်​   ကျောင်းသား​  ကျောင်းသူ  ၃၈၀ ကျော်တို့ကို ပညာ​ပေးဟော​ပြောသည်။
ဟော​ပြောပွဲ၌ (၇၇)နှစ်မြောက် တပ်မ​တော်​နေ့အထိမ်းအမှတ် နံရံကပ်စာ​စောင်များပြသခြင်းနှင့် သတင်းစကားလက်ကမ်းစာ​စောင် များကို ဖြန့်​ဝေ​ပေးသည်။                      ဇင်မင်းထိုက်(ထန်းတပင်)

 

သဲကုန်း           
ပဲခူးတိုင်းဒေသကြီး   သဲကုန်းမြို့နယ်  အခြေခံပညာအထက်တန်း ကျောင်း၌ မတ် ၂၃ ရက်က  လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပသည်။
ဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူး ဦးဌေးဝင်းက စိတ်ဓာတ် စည်းကမ်းကောင်းမွန်သော  လူကောင်းလူတော်များ  ပေါ်ထွက်ရေး ဟောပြောပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ဝင့်နန္ဒာဌေးက ယနေ့လူငယ်များသည် အနာဂတ်နိုင်ငံတော်ကိုပခုံးပြောင်းတာဝန်ယူကြရမည့်သူများအနေဖြင့် ဗလငါးတန် ပြည့်စုံစေရန် လူငယ်နှင့်ရည်မှန်းချက်၊စာတတ်ဖို့သာမက ပညာတတ် ဖို့ပါ ကြိုးစားကြရန်၊  လူငယ်နှင့်စာရိတ္တ၊   လူငယ်နှင့်  ပေါင်းသင်း ဆက်ဆံရေး၊လူငယ်နှင့်ကျန်းမာရေး၊လူငယ်နှင့်ကြီးပွားရေး၊မျိုးချစ်စိတ်ရှင်သန်ရေးရှိကြစေရန် ဟောပြောကာ၊အားကစားနှင့်ကာယ ပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဝင်းက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် ဟောပြောသည်။              မြို့နယ်(ပြန်/ဆက်)

 

ရမည်းသင်း
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ အမှတ်(၅) မြို့မအခြေခံပညာ အထက်တန်းကျောင်း၌ မတ်  ၂၃ ရက်က လူငယ်ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်အဖြစ် အသိပညာပေးဟောပြောပွဲ ကျင်းပသည်။
ဟောပြောပွဲတွင် ခရိုင်အခြေခံပညာဦးစီးဌာန ခရိုင်ပညာရေးမှူး ဒေါက်တာသက်လှစုက စိတ်ဓာတ်စည်းကမ်းအရင်းတည် သာယာ သောလူ့ဘောင်ဆီ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ပြန်ကြားရေး နှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာန    ဦးစီးမှူး     ဒေါ်သိမ့်သိမ့်မျိုးက ကျောင်းသား   ကျောင်းသူလူငယ်များ    ဗလငါးတန်ပြည့်စုံစေပြီး အနာဂတ်၏  နိုင်ငံ့သားကောင်း၊ သမီးကောင်းများစွာ ပေါ်ထွန်းစေရန် အတွက် မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေးနှင့် အကျင့်စာရိတ္တကောင်းမွန် ရေးကိုလည်းကောင်း ဟောပြောသည်။ ဇော်ဝင်းအောင်(ပြန်/ဆက်)

 

ရွှေတောင်  
ရွှေတောင်မြို့နယ်  အခြေခံပညာအထက်တန်းကျောင်းခွဲ သရက် တောကျောင်းခန်းမ၌  ယနေ့နံနက်ပိုင်းက လူငယ်ရေးရာ အသိပညာ ပေးဟောပြောပွဲ ကျင်းပသည်။
အခမ်းအနားတွင်   ကျောင်းအုပ်ဆရာမကြီး   ဒေါ်တင်စောက “လူငယ်နှင့် စည်းကမ်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းသန့်က  “လူငယ်နှင့်စာရိတ္တ”ဆိုသည့် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နုနုဖြိုးက  “လူငယ် နှင့် အားကစား”ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောကြသည်။
ယင်းနောက်  ဟောပြောပွဲသို့ တက်ရောက်လာကြသည့်  ဆရာ ဆရာမများ၊  ကျောင်းသား   ကျောင်းသူများကို  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ခင်းကျင်းပြသပြီး (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်  “သတင်းစကား” လက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးကြကြောင်း သိရသည်။             

မြို့နယ်(ပြန်/ဆက်)