
Coronavirus Disease 2019 (COVID-19) သည် ကမ္ဘာအနှံ့ ကူးစက်ပြန့်ပွားနိုင်သည့် ကမ္ဘာ့ကပ်ရောဂါ ဖြစ်ကြောင်း ၁၁-၃-၂၀၂၀ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က သတ်မှတ်ကြေညာခဲ့သည့်အတွက် COVID-19 ကူးစက်ပြန့်ပွားမှုသည် လူစုလူဝေးများမှတစ်ဆင့် လျင်မြန်စွာ ဖြစ်ပေါ်နိုင်သောကြောင့် ပြည်သူများ၏ ကျန်းမာရေးကို အလေးပေးရှေးရှုသောအားဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ရုပ်ရှင်ရုံ များတွင် ရုပ်ရှင်ပြသခြင်းများအား ၂၀၂၀ ပြည့်နှစ်၊ မတ်လ(၁၆) ရက်နေ့မှ စတင်၍ ရပ်ဆိုင်းထားရန် အသိပေးကြေညာခဲ့ပြီးဖြစ်ပါသည်။
ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေအနေများအပေါ် သုံးသပ်ချက်များအရ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေ့ရှိမှု၊ ပိုးတွေ့မှုနှုန်းနှင့် သေဆုံးမှုနှုန်းတို့မှာ သိသာစွာ ကျဆင်းလာ ကြောင်း တွေ့ရှိရပါသဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ အစီအမံများနှင့်အညီ ပြုစုထားသည့် “ရုပ်ရှင်ပြသရာတွင် လိုက်နာဆောင်ရွက်ရမည့် စံပြုသတ်မှတ်ချက် (Standard Operating Procedures-SOP)” နှင့်အညီ လိုက်နာကျင့်သုံးဆောင်ရွက်ပြီး ပထမအဆင့် ပြသရန် လျာထားသည့် ရုပ်ရှင်ရုံ (၆၀) ခန့်ကို ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၇) ရက်နေ့ (မြန်မာနှစ်ဆန်း ၁ ရက်နေ့)တွင် ပြန်လည်ဖွင့်လှစ်ပြသသွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန
(၂၃-၃-၂၀၂၂ ရက်နေ့)