
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့် သိပ္ပံနှင့် နည်းပညာဦးစီးဌာနသည် နိုင်ငံတော်တည်ဆောက် ရေးနှင့် နိုင်ငံသားတို့၏ လူမှု၊ စီးပွား ဖွံ့ဖြိုးတိုးတက် ရေးအတွက် မူဝါဒများချမှတ်ပြီး သိပ္ပံနှင့် နည်းပညာ ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ် ပေးလျက်ရှိပါသည်။
ထို့အပြင် လူငယ်လူရွယ်များ၏ အသက် မွေးဝမ်းကျောင်းမှုဆိုင်ရာ အခွင့်အလမ်းများ တိုးတက်ရရှိစေရန်အတွက် နိုင်ငံအကျိုးပြု အရည် အချင်းပြည့်ဝသော အင်ဂျင်နီယာပညာရှင်များ လေ့ကျင့်မွေးထုတ် နိုင်ရန်ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်မည့်သူ များအတွက် နည်းပညာတက္ကသိုလ်များသို့ ဝင်ခွင့် ခေါ်ယူရာတွင် အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ (၄) ဘာသာ စုစုပေါင်းရမှတ် (အများ/ အနည်း) ပေါ်မူတည်၍ ရွေးချယ်တက်ရောက်ခွင့်ပြု မည် ဖြစ်ပါကြောင်း ကျောင်းသား/ ကျောင်းသူများ ကြိုတင်သိရှိနိုင်ရေးအတွက် အသိပေးကြေညာ အပ်ပါသည်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန