တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   မတ်   ၂၃


ဆောက်လုပ်ရေးဝန်ကြီး    ဌာန ဒုတိယဝန်ကြီး   ဦးဝင်းဖေသည် ယမန်နေ့      နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ အာဆီယံလမ်းမကြီး   AH 112 ဖြစ်သည့်      ထားဝယ် - မြိတ် လမ်းပေါ်ရှိ ကျွဲကူး - ကျောက်ဖျာ တံတား      ရှင်းလင်းဆောင်သို့ ရောက်ရှိရာ  ရေလယ်တိုင်  M-6 ပြင်ဆင် ထိန်းသိမ်းခြင်းလုပ်ငန်း နှင့်    P 1  မှ   M 5  ကြား  Plate Girder   ငါးခန်း     ဆေးသုတ် ခြင်းလုပ်ငန်းများ   အပိုင်းလိုက် ဆောင်ရွက်နေမှုကို တာဝန်ရှိသူက ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး က တံတားတစ်ခုလုံး၏  Founda-tion  ကြံ့ခိုင်မှု ၊  Water Level  ထိ ချဉ်းကပ်တံတားနှင့် ပင်မရေလည် တိုင်  Bored Pile  များ၏  Lower Water Level  ထိ ရေငုပ်စမ်းသပ် စစ်ချက်ရယူဆောင်ရွက်ရန်၊ P 1 မှ M 5 ကြား Plate Girder များ ၏    သံချေးစား     ပျက်စီးမှုများ အား သတ်မှတ်ဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင်     ဆောင်ရွက်ရန် မှာကြားပြီး ကျွဲကူး - ကျောက်ဖျာ တံတားပေါ်သို့       လှည့်လည် ကြည့်ရှုစစ်ဆေးသည်။(အောက်ပုံ)   မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် မြိတ်ပြည်သူ့ဆေးရုံ  တိုးချဲ့ သုံးထပ်ဆောင်သို့  ရောက်ရှိ ပြီး  လက်ရှိ ဆောင်ရွက်ဆဲဖြစ်သည့် လုပ်ငန်းများနှင့်    ပတ်သက်၍ လုပ်ငန်းခွင်     အန္တရာယ်ကင်းရှင်း ရေး၊     စံချိန်စံညွှန်းပြည့်မီရေး၊      လက်ရာ သေသပ်ကောင်းမွန်ရေး၊ သတ်မှတ်ချိန်   ပြီးစီးရေးတို့အား  အလေးထား     ဆောင်ရွက်ရန်   မှာကြားသည်။     ယင်းနောက်    ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်  မြိတ် ပြည်သူ့ဆေးရုံ   သုံးထပ်  တိုးချဲ့ ဆောင်      ဆောက်လုပ်နေမှုကို      လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 


ယနေ့  နံနက်ပိုင်းတွင် ဒုတိယ ဝန်ကြီးသည် မြိတ်မြို့လမ်းဦးစီး ဌာန၊    လက်ထောက်ညွှန်ကြား ရေးမှူး (မြို့ပြ)ရုံးတွင် အဆောက် အဦဦးစီးဌာန၊   လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊   ကျေးလက် လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန စသည့် ဦးစီးဌာန ငါးခုတို့မှ ဝန်ထမ်းများ နှင့်  တွေ့ဆုံသည်။  တွေ့ဆုံပွဲတွင် တက်ရောက်သူများက   ဆွေးနွေး တင်ပြရာ       ဒုတိယဝန်ကြီးက ဝန်ထမ်းများအနေဖြင့် နိုင်ငံတော် အပေါ် သစ္စာစောင့်သိရမည်ဖြစ် ကြောင်း၊     နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ဝန်ထမ်းကျင့်ဝတ်၊   စည်းမျဉ်း စည်းကမ်းအတိုင်း      လိုက်နာ နေထိုင်ကြရန်နှင့်  ဝန်ထမ်းတိုင်း သည် ပါတီနိုင်ငံရေးကင်းရှင်းရန်တို့အား အလေးထားလိုက်နာကြ ရန် မှာကြားပြီး ဦးစီးဌာနအလိုက် ဒုတိယညွှန်ကြားရေးမှူးချုပ်များမှ  ဝန်ထမ်းရေးရာ  ကိစ္စများနှင့် ပတ်သက်၍    လိုအပ်သည်များ ဆွေးနွေး  ပြောကြားခဲ့ကြောင်း သိရသည်။                

သတင်းစဉ်