
နေပြည်တော် မတ် ၂၃
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ ပရပ်ဆုတ်ခွန်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မှ ပြန်လည်ထွက်ခွာသည်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ်အား နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး ထွဋ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန မှ အဆင့်မြင့်အရာရှိကြီးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ်သည် မတ် ၂၂ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ အထူးအေဂျင်စီများ နှင့် လည်းကောင်း၊ ပြည်သူ့ပါတီဥက္ကဋ္ဌနှင့်လည်းကောင်း သီးခြားစီ တွေ့ဆုံခဲ့ပြီး မွန်းလွဲပိုင်းတွင် မြန်မာ့ကြက်ခြေနီ အသင်း၏ လူသားချင်း စာနာထောက်ထားမှု အကူအညီအဖြစ် လှူဒါန်းထား သည့် ဆေးဝါးနှင့် ဆေးပစ္စည်းများ ထားရှိရန် သိုလှောင်ရုံသို့ သွား ရောက် လေ့လာကြည့်ရှုခဲ့ကြောင်း နှင့် ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံ အမတ်ကြီးများ၊ သံရုံးယာယီတာဝန် ခံများနှင့်အတူ ညစာသုံးဆောင်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်