
နေပြည်တော် မတ် ၂၁
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော် အတွင်း လမ်းပန်းဆက်သွယ်ရေးပြတ်တောက်စေရန်နှင့် ကုန်သွယ် စီးဆင်းမှုများရပ်တန့်စေရန် ရည်ရွယ်၍ လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများအား လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီ မိနစ် ၅၀ တွင် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သထုံစုကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ရထားလမ်း မိုင်တိုင်အမှတ် ၈၂ မိုင် ၇ ဖာလုံနှင့် ၈ ဖာလုံအကြား ခဝါချောင်းကူး ရထားသံလမ်းတံတား အား PDF အမည်ခံအကြမ်းဖက်အဖွဲ့က လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခဲ့ရာ ရထားသံလမ်း အနည်းငယ် မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အထက်ပါဖြစ်စဉ်မှ မီးရထားလမ်းရှိ ချောင်းကူးတံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပျက်စီး သွားသော ချောင်းကူးတံတားအား သက်ဆိုင်ရာတာဝန်ရှိသူများက အမြန်ပြန်လည်ပြုပြင်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်