
နေပြည်တော် မတ် ၂၀
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ် မြစံပယ်လမ်း ဝိဇ္ဇောတာ ရုံစာသင်တိုက် ဦးစီးပဓာန နာယက ရွှေကျင်နိကာယဓိပတိ ဥက္ကဋ္ဌ မဟာနာယက ဓမ္မသေနာ ပတိ၊ ပန္နရသမရွှေကျင်သာသနာ ပိုင် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက နိုင်ငံတော် ဩဝါဒါစရိယ ဝိဇ္ဇော တာရုံဆရာတော်ကြီးသည် ယနေ့ နံနက် ၂ နာရီ ၁၂ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူ ခဲ့သည်။
အဆိုပါ ဆရာတော်ကြီး ၏ ဥတုဇရုပ်ကလာပ်တော်အား ယနေ့ ညနေပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်း ဆွေနှင့် တာဝန်ရှိသူများက သွားရောက်ဖူးမြော်ကြည်ညိုကာ အန္တိမ အဂ္ဂိဈပန သဘင်ပြုလုပ်နိုင် ရေးအတွက် လိုအပ်သည်များ လျှောက်ထားတင်ပြခဲ့ပြီး အလှူ ငွေများ ပေးအပ်လှူဒါန်းသည်။
ဆရာတော်ကြီးသည် သက် တော် ၉၃ နှစ်၊ သိက္ခာဝါတော် ၇၃ ဝါထိတိုင် သာသနာတော် ထွန်းကား ပြန့်ပွားရေးဆိုင်ရာများ ကို ကြိုးပမ်းဆောင်ရွက်တော်မူခဲ့ ကြောင်း၊ ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်တော်မြတ်ကို မတ် ၂၂ရက် ညနေ ၅ နာရီတွင် အန္တိမအဂ္ဂိဈပန သဘင်ကျင်းပ ပြုလုပ်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်