လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများ မြို့နယ်များ၌ကျင်းပ

 

နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်  ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား   ကျောင်သူများ ကျောင်းစာအပြင်   ပြင်ပစာပေဗဟုသုတများ    ကြွယ်ဝစေရန်  ရည်ရွယ်ချက်များဖြင့်   လူငယ်ရေးရာ   အသိပညာပေးဟောပြောပွဲများကို    ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍   မြို့နယ်အသီးသီး၌ မတ် ၁၉ ရက်က ကျင်းပသည်။

မြဝတီ
မြဝတီမြို့  အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌  ကျင်းပ သည့်   လူငယ်ရေးရာ    အသိပညာပေးဟောပြောပွဲတွင်    မြို့နယ် ပညာရေးမှူးဦးမြင့်ဦးက  အမှာစကားပြောကြားပြီး  ခရိုင်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ   လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက  လူငယ်များအတွက်  ပညာရေး၊  စာရိတ္ထကောင်းမွန်ရေး၊ ပေါင်းသင်းဆက်ဆံရေး၊ ကျန်းမာရေး ကောင်းမွန်စေရေးနှင့် မိမိ တိုင်းပြည်နှင့် လူမျိုးအပေါ် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရေးတို့ကိုလည်းကောင်း၊    မြို့နယ်အားကစားနှင့်   ကာယပညာဦးစီး ဌာနမှ    အငယ်တန်းစာရေး    ဒေါ်အိသဇင်က   လူငယ်များ   ကျန်းမာ ကြံ့ခိုင်ရေးအတွက်  အားကစားကဏ္ဍနှင့်သက်ဆိုင်သည့်  အခြေခံ အချက်(၄)ချက်ကိုလည်းကောင်း  ဟောပြောသည်။ 
မန်းသန်းရွှေမြင့်(ပြန်/ဆက်)
တောင်ငူ
တောင်ငူမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ဆရာကွန်း ခန်းမ၌  ကျင်းပသည့်  ဟောပြောပွဲတွင်   ခရိုင်ပညာရေးမှူး  ဒေါက်တာ နော်ဥမ္မာထွန်းက  စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ရေး  ခေါင်းစဉ်ဖြင့် လည်းကောင်း၊   ခရိုင်ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး     ဒေါ်ဆွေဆွေမိုးက     အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး ခေါင်းစဉ် ဖြင့်လည်းကောင်း၊   ခရိုင်အားကစားနှင့်   ကာယပညာဦးစီးဌာနမှူး ဒေါ်သူဇာထွေးက    ကျန်းမာကြံ့ခိုင်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောပြီး အဆိုပါ ဟောပြောပွဲသို့ ဆရာ ဆရာမများ ကျောင်းသား ကျောင်းသူများ  စုစုပေါင်း ၃၅၀ ခန့်  တတ်ရောက်သည်။
ဇော်ထက်(တောင်ငူ)
ရွှေဘို
စစ်ကိုင်းတိုင်း​ဒေသကြီး     ရွှေဘိုမြို့     အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းတွင်     အလယ်တန်းအဆင့်      ကျောင်းသား ကျောင်းသူများအတွက် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို မတ် ၁၉ ရက်က ကျင်းပသည်။
ဟောပြောပွဲတွင် ခရိုင်ပညာရေးဦးစီးဌာန၊ လက်ထောက်ညွှန် ကြားရေးမှူး  ဦးမျိုးမြင့်ဦးက  ကျောင်းသား ကျောင်းသူများအား စိတ်ဓာတ်၊  စည်းကမ်း၊  ပညာ   ခေါင်းစဉ်ဖြင့်လည်းကောင်း၊  ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်အေးမြမွန်က  လူငယ်များ  အကျင့်စာရိတ္တကောင်းမွန်ရေး နှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရွှေဘို ခရိုင်အားကစားနှင့်    ကာယပညာဦးစီးဌာန   လက်ထောက်ညွှန်ကြား ရေးမှူး  ဒေါ်နိုင်နိုင်ဝင်းက  လူငယ်နှင့်အားကစား  ခေါင်းစဉ်ဖြင့် လည်းကောင်း  ဟောပြောဆွေးနွေးပြီး  ကျောင်းသား  ကျောင်းသူ များအတွက် အားကစားပစ္စည်းများ လှူဒါန်းကြောင်း သိရသည်။
စိုးသီဟ(ရွှေဘို) 
ဘူးသီးတောင်   
ရခိုင်ပြည်နယ်  ဘူးသီးတောင်မြို့နယ်   ပြန်ကြားရေးနှင့်    ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ခန်းမ၌ လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲကို မတ် ၁၉ ရက်က ပြုလုပ်သည်။ 
အဆိုပါ ဆွေးနွေးပွဲတွင်  ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်   ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ    ဦးစီးအရာရှိ ဒေါ်အေးအေးအောင်က ဆွေးနွေးပွဲကျင်းပရခြင်း၏    ရည်ရွယ်ချက်များကို   ရှင်းလင်းပြောကြား ပြီး  မြို့နယ်အားကစားနှင့်   ကာယပညာဦးစီးဌာနမှူး ဒေါ်ဥမ္မာသန်းက အားကစားနှင့်ပတ်သက်၍   ပြည်သူများ   စိတ်ပါဝင်စားလာစေရန် အခြေခံပညာကျောင်းများသို့     ကွင်းဆင်းအသိပညာပေးလျက်ရှိ ကြောင်း၊ ကျောင်းသား ကျောင်းသူလူငယ်များအနေဖြင့် အားကစား ကဏ္ဍမှာ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး၊ လူမှုရေးဦးတည်ချက် ထားရှိဖော်ဆောင်လျက်ရှိပြီး  ကျန်းမာကြံ့ခိုင်ရေး အတွက်လည်း အားကစားကဏ္ဍ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်အတွက်  အားကစားမြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊  လူငယ်များအနေဖြင့်    အားကစားဆောင်ရွက်ခြင်းမှတစ်ဆင့် ဘက်စုံထူးချွန်သော လူရည်ချွန်၊    လူတော်လူကောင်းများ     ဖြစ်လာစေရန်နှင့်    မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ပြီး    နောင်တစ်ချိန်တွင်   နိုင်ငံတော်အတွက်  အားထားရသည့်   နိုင်ငံ့သားကောင်းများ    ဖြစ်ပေါ် လာမည်ဖြစ်ကြောင်းနှင့် လူငယ်များအနေဖြင့်  နွေရာသီတွင် အချိန် ကိုအကျိုးရှိစွာ  အသုံးချတတ်စေရန်      နွေရာသီအားကစားသင်တန်းများ     ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ အားကစားနည်းအလိုက်    အခြေခံမှစပြီး    တတ်မြောက်အောင်     သင်ကြားပို့ချမည်ဖြစ်ကြောင်း     ဆွေးနွေး             ပြောကြားခဲ့သည်။                                       လှကျော်(ပြန်/ဆက်) 
ဇေယျာသီရိ
နေပြည်တော်    ဇေယျာသီရိမြို့နယ်    အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း အားကစားခန်းမ၌ လူငယ်ရေးရာ အသိပညာ ပေးဟောပြောပွဲကို   မတ် ၁၉ ရက်ကကျင်းပသည်။   ဟောပြောပွဲကို ပညာရေးဝန်ကြီးဌာန၊    ပြန်ကြားရေးဝန်ကြီးဌာန၊    အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့  ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ပြီး ဥတ္တရခရိုင် ပညာရေးမှူးရုံးမှ ခရိုင်ပညာရေးမှူး ဒေါက်တာမာမာဇင်က စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကောင်းမွန်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဥတ္တရ ခရိုင်ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  လက်ထောက် ညွှန်ကြားရေးမှူး  ဒေါ်မေစုလှိုင်ဦးက  အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဥတ္တရခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးရဲရင့်အောင်က လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့သည်။
ဟောပြောပွဲသို့     ဇေယျာသီရိမြို့နယ်    အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား  ကျောင်းသူ ၄၀၀ တက်ရောက် ကြောင်း သိရသည်။                                      မြို့နယ်(ပြန်/ဆက်)
မြိတ်     
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အထက်တန်း၊ အလယ်တန်း ကျောင်းသား ကျောင်းသူများအား အသိပညာ ဗဟုသုတများ တိုးပွား စေရေးနှင့် စိတ်ဓာတ်၊ စည်းကမ်း၊ စာရိတ္တများ တိုးတက်မြင့်မားလာစေ ရေးအတွက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို မတ် ၁၉ ရက်က အထက (၁) မြိတ် ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။
ဟောပြောပွဲတွင် ကြီးပွားအောင်မြင်လိုသူ၊  ပညာတတ် လူတော် လူကောင်းများဖြစ်လိုသူများ သွားလာနေထိုင်ရာတွင် စိတ်ဓာတ် ကောင်းများဖြင့် ပြုမူနေထိုင်ကြရန်၊ စိတ်ဓာတ်ကောင်းများ ပေါ်ထွန်း ရေးနှင့်    စည်းကမ်းလိုက်နာရေးခေါင်းစဉ်ဖြင့်    ခရိုင်ပညာရေးမှူး ဦးဉာဏ်ထွန်းက   လည်းကောင်း၊   စာရိတ္တကောင်းမှသာ   လူတော် လူကောင်းများအဖြစ် လူမှုပတ်ဝန်းကျင်တွင် ရပ်တည်နေထိုင်နိုင်ရေး နှင့်    မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်   အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် တိုင်းချစ်ပြည်ချစ်စိတ်ကောင်းမွန်ရေး ခေါင်းစဉ် ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးယုဝါအောင်က လည်းကောင်း ဟောပြောကြသည်။
ထို့နောက်   ကျောင်းသား  ကျောင်းသူ  လူငယ်မောင်မယ်များအား ကျန်းမာကြံ့ခိုင်ပြီး   ဉာဏ်ရည်မြင့်မားရေးအတွက်   အားလပ်ချိန် နွေရာသီ    ကျောင်းပိတ်ရက်များ၌    အားကစားသင်တန်းများ တက်ရောက်သင်ကြားကြရန်နှင့်    ကျောင်းသင်ခန်းစာများအပြင် အားကစားလှုပ်ရှားမှုများ   ဆောင်ရွက်ကြရန်   အားကစားနှင့် စိတ် ဓာတ်မြှင့်တင်ရေးခေါင်းစဉ်ဖြင့် ခရိုင်အားကစားမှူး ဦးသန်းထွေးနှင့် မြို့နယ်အားကစားမှူး ဦးထွန်းရှိန်တို့က ဟောပြောကြပြီး ကျောင်း သား ကျောင်းသူများအတွက်  အားကစားပစ္စည်းများကို  ပေးအပ်ရာ ဆရာမတစ်ဦးက လက်ခံယူသည်။
အသိပညာပေး ဟောပြောပွဲတွင် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ထုတ်ဝေသည့်  Sports for all ရှင်သန်လှုပ်ရှား အားကစား အသိပညာပေး လက်ကမ်းစာစောင်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်    သတင်းစကား   လက်ကမ်းစာစောင်များကို ကျောင်းသား   ကျောင်းသူများအား    အခမဲ့ဝေငှပေးကြောင်း သိရသည်။                                                         ခိုင်ထူး (ပြန်/ဆက်)
ကလေး
စစ်ကိုင်းတိုင်းဒေသကြီး  ကလေးမြို့တွင်  လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို       အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမဆောင်၌ မတ် ၁၉ ရက်က ကျင်းပသည်။
ဟောပြောပွဲတွင် ခရိုင်ပညာရေးမှူး ဒေါ်ကြည်ကြည်ဦးက “လူငယ် များ   စိတ်ဓာတ်နှင့်စည်းကမ်းကောင်းမွန်ရေး”   ခေါင်းစဉ်ဖြင့် လည်းကောင်း၊  ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦး‌တွောင်ဆွင်းဗန်က “ အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်ယဉ်သီတာလှိုင်က “အားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာ ရေးကောင်းကျိုးများ” ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့ကြပြီး ခရိုင်/မြို့နယ်အားကစားနှင့်  ကာယပညာဦးစီးဌာနက အားကစား ပစ္စည်းများ ပေးအပ်လှူဒါန်းသည်။
အဆိုပါဟောပြောပွဲကို ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ် များ  ဘက်စုံထူးချွန်သော  လူရည်ချွန်၊  လူတော်လူကောင်းများ ဖြစ်လာစေရန်နှင့်  မျိုးချစ်စိတ်ဓာတ်၊  ပြည်ထောင်စုစိတ်ဓာတ်ရှင်သန် ထက်မြက်ပြီး  နောင်တစ်ချိန်တွင်  နိုင်ငံတော်အတွက်  အားထားရသည့် နိုင်ငံ့သားကောင်းများ  ဖြစ်ထွန်းလာစေရန်  ရည်ရွယ်၍  ကျင်းပခြင်း ဖြစ်ကာ ဆရာ ဆရာမများနှင့် အခြေခံပညာ ကျောင်းသား  ကျောင်းသူ  ၂၀၀ ခန့် တက်ရောက်ကြောင်း သိရသည်။ မောင်ကျော်(ပြန်/ဆက်)