တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်   မတ်     ၂၀


တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့ နွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုး မရွေး ဘာသာမရွေး အသက် ၄၀ အထက် ဒေသခံပြည်သူများ၊ အကျဉ်း သား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက် (၁၂) နှစ် အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့်ကျောင်း သား၊ ကျောင်းသူများ စသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော် မှ  ဆေးအဖွဲ့များ၊  ပြည်သူ့ဆေးရုံများမှ  ဆရာဝန်များ၊  သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)  မိုင်းခတ်မြို့၌ ဒေသခံပြည်သူ ၄၄ ဦး၊ တနင်္သာရီတိုင်းဒေသကြီး မြိတ် မြို့နယ်၌  ဒေသခံပြည်သူ  ၃၅၀၊  ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၆) မြို့နယ်၌ ဒေသခံပြည်သူ ၂၅၆၂၆ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် (၅) မြို့နယ်တို့၌ ဒေသခံပြည်သူ ၆၂၁၈ ဦး၊ မန္တလေး တိုင်းဒေသ ကြီးအတွင်းရှိ ခရိုင်(၇)ခုမှ ဒေသခံပြည်သူ ၅၆၂၀ နှင့် ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နယ်နှင့် ပဲခူးမြို့နယ်တို့၌ ဒေသခံပြည်သူ ၈၃၀ တို့ကို  တပ်မတော်မှ   ဆေးအဖွဲ့များက  ပြည်သူ့ဆေးရုံများမှ   ဆရာဝန်များ၊ သက်ဆိုင်ရာ   ကျန်းမာရေးဝန်ထမ်းများ၊     စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည်။

 


ထိုသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။


 သတင်းစဉ်