မော်ကျွန်း-မြောင်းမြ-ပုသိမ်လမ်းပေါ်မှ ကျုံသွတ်-မြင်းကဆိပ် ဇက်ဆိပ်မြင်ကွင်း

 

မော်ကျွန်းမြင့်အောင်

 

၈- ၃- ၂၀၂၂ ရက်က စာရေးသူတို့ စီးနင်းလိုက်ပါလာ သော   ပရိုဘောက်စ်ကားလေးသည်   မော်လမြိုင် ကျွန်းမှ  ဝါးခယ်မ- မြောင်းမြ- ပုသိမ်လမ်းအတိုင်း မောင်းနှင်လာသည်။  ညက ခရီးသွားရန်ကြိုတင် ပြင်ဆင်ခဲ့၍  ကားပေါ်၌  ငိုက်မြည်းလိုက်ပါခဲ့ရာမှ ကားရပ်လိုက်သဖြင့်   ပတ်ဝန်းကျင်ကို   အကဲခတ် ကြည့်မိသည်။   မြောင်းမြ      ကျုံသွတ်ကျေးရွာ ဇက်ဆိပ်သို့  ရောက်ရှိခြင်း ဖြစ်သည်။ 
ဇက်ဆိပ်တွင်  ဇက်ကူးရန် စောင့်ဆိုင်းနေသော ကားအစီး ၂၀၊ ၂၅ စီးခန့်  တွေ့ရသည်။  ဇက်ရေယာဉ် မရှိသေး။     တစ်ဖက်  မြင်းကဆိပ်ဘက်ကမ်းတွင်  ဇက်ရေယာဉ်နှင့်   ကားတန်းကြီးကို   လှမ်းမျှော် တွေ့ရသည်။   ဇက်ပေါ်သို့   ကားများမတက်ရသေး ပေ။
စာရေးသူတို့ မော်လမြိုင်ကျွန်းမှ နံနက် ၅ နာရီ ခွဲက ထွက်လာပြီး နှစ်နာရီခွဲ ကားမောင်းပြီးနောက် နံနက် ၈ နာရီတွင် ယင်းဇက်ဆိပ်သို့ ရောက်ရှိခြင်း ဖြစ်သည်။ ဤနေရာတွင် ဇက်မကူးရဘဲ မြောင်းမြ ကျုံသွတ်မှ   တစ်ဆက်တည်း   ဆက်မောင်းရမည် ဆိုပါက နံနက် ၈ နာရီခွဲတွင် ပုသိမ်သို့ ရောက်ရှိမည် ဖြစ်သည်။  ယခုတော့ ဤသို့မဟုတ်ပြီ။ စာရေးသူတို့ ကားလေးကို  ကားတန်းကြားဝင်ပြီး နေရာယူထား လိုက်ရသည်။  နေကလည်း တဖြည်းဖြည်း ပူလာ သည်။ အရိပ်ကလည်းမရှိ။ ဇက်စောင့်ရင်း ခရီးသည် များက စားသောက်ဆိုင်များသို့ဝင်ပြီး စားသောက် ကြသည်။
မြင်းကဆိပ်ဘက်တွင်တော့      ကားများ၊ ခရီးသည်များကို တင်ဆောင်ပြီးသော ဇက်ရေယာဉ် သည်  မြောင်းမြ ကျုံသွတ်ဘက်သို့ ထွက်ခွာလာ သည်။ ကျုံသွတ်ဇက်ဆိပ်တွင် ဇက်ရေယာဉ်ကပ်ပြီး သောအခါ   ကုန်တင်ကားများအပါအဝင်   ကား မျိုးစုံနှင့်   ခရီးသည်များ   ကမ်းပေါ်တက်ကြသည်။ စာရေးသူတို့ကားမှာ       ဇက်ပေါ်မတက်ရသေး။ အဆင့်ဆင့်   စောင့်ဆိုင်းရသေးသည်။   ကျုံသွတ် ဘက်ကမ်းမှ  ဇက်ရေယာဉ်ထွက်ခွာ၍  မောင်းချိန်၊ မြင်းကဆိပ်ဘက်သို့ ဆိုက်ကပ်ချိန်၊ ဇက်စောင့်ချိန် များ  ပေါင်းလိုက်လျှင် အနည်းဆုံး ၁ နာရီနှင့် မိနစ် ၂၀  ခန့် ကြာသည်။
ခရီးသည်တိုင်းသည်   အချိန်တိုတိုဖြင့်   လိုရာ ခရီးကို   သွားလိုကြပါသည်။   မော်လမြိုင်ကျွန်းမှ ပုသိမ်သို့   ပထမဆက်သွယ်ရေးလမ်းကြောင်းဖြစ် သည့် မော်လမြိုင်ကျွန်း- မအူပင်- ပုသိမ် ခရီးစဉ်မှာ ခုနစ်နာရီခန့်  မောင်းရသည်။ အချိန်တိုသည့် ဒုတိယ ခရီးစဉ်ဖြစ်သော   မော်လမြိုင်ကျွန်း - ဝါးခယ်မ-မြောင်းမြ - ပုသိမ်  ခရီးစဉ်မှာ   သုံးနာရီခန့်သာ မောင်းရသည်။ 
သို့သော် နံနက် ၈ နာရီကတည်းက စာရေးသူတို့ ကျုံသွတ်ဇက်ဆိပ်သို့       ရောက်နေသော်လည်း ဇက်စောင့်ရင်း ခရီးမဆက်နိုင်။ နံနက် ၉ နာရီကျော်မှ ဇက်ကူးပြီး မြင်းကဆိပ်ဘက်ကမ်းရောက်မှ ခရီး ဆက်ခွင့်ရကြသည်။  မြင်းကဆိပ်မှ  ပုသိမ်သို့ မိနစ် ၃၀   ခန့်သာ   ဆက်မောင်းရသည်။   ဤခရီးတွင် အကယ်၍   ဇက်ရေယာဉ်နှစ်စင်း  အသွားအပြန် ကူးပေးပါလျှင် ခရီးသည်များ အချိန်ကုန်သက်သာ မည်ဖြစ်သည်။ 
     စာရေးသူတို့ကားလေး ပုသိမ်သို့ နံနက် ၁၀ နာရီခန့်တွင်ရောက်ပြီး   နေ့လယ်  ၁  နာရီတွင်  ပြန်လည် ထွက်ခွာခဲ့သည်။         မြင်းကဆိပ်သို့ရောက်၍ ဇက်ကူးပြီး   ကျုံသွတ်မှထွက်တော့  ၂  နာရီခွဲပြီဖြစ် သည်။   အပြန်လမ်းတွင်  မြင်းကဆိပ်-   ကျုံသွတ် ဇက်ကူးရန်စောင့်ရသည့်အချိန်များကို    ပြန်လည် တွေးတောရင်း  ခရီးသည်များ အချိန်တိုတိုဖြင့် စိတ် ချမ်းမြေ့စွာသွားလာနိုင်ရေးအတွက်  ဇက်ရေယာဉ် နှစ်စင်းဖြင့်   ပို့ဆောင်ပေးနိုင်အောင်   စီစဉ်ကူညီပေး နိုင်လျှင်  ကောင်းလေစွဟု  ဆန္ဒပြုမိပေသည်။     ။