
နေပြည်တော် မတ် ၁၉
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်း များသို့ ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနား မြို့နယ်ရှိ ဘုရားကြီးကျောင်းတိုက်သို့ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်ရှိ မာဃိန္ဒာရာမပရိယတ္တိ စာသင်တိုက်သို့လည်းကောင်း၊ တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်မြို့နယ်ရှိ သာသနာ့ ရောင်ခြည် ကျောင်းတိုက်သို့လည်း ကောင်း ၊ မကွေးတိုင်းဒေသကြီး မကွေး မြို့နယ်ရှိ မဟာဝိသုတာရာမပရိယတ္တိ စာသင်တိုက်သို့လည်းကောင်း၊ မန္တလေး တိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ အနောက်ခင်မကန် ကျောင်းတိုက်သို့လည်း ကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အင်းစိန် မြို့နယ်ရှိ ဇေယျာဗောဓိကျောင်းတိုက်သို့ လည်းကောင်း၊ ရှမ်းပြည်နယ် လားရှိုး မြို့နယ်ရှိ ရတနာဂုဏ်ရည်မယ်ဟန် ကျောင်းတိုက်သို့လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော် များကို တာဝန်ရှိသူများက သွားရောက် ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်