
ဘရာဇစ်ဘဲလ် မတ် ၁၉
မာလဝီနှင့် အခြားသော အာဖရိကတောင်ပိုင်း လေးနိုင်ငံမှ အသက် ငါးနှစ်အောက်ကလေးငယ် ၂၃ သန်းအတွက် ကာကွယ်ဆေး အစုလိုက် တိုက်ကျွေးမှု လုပ်ဆောင်နိုင်ရန် ပိုလီယို ကာကွယ်ဆေး အလုံးရေ သန်း ၈၀ ကျော်ကို ပေးသွားမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက မတ် ၁၈ ရက်တွင် ပြောကြားခဲ့သည်။
လေးကြိမ်ခွဲ၍ ဆောင်ရွက်မည်
မာလဝီ၊ မိုဇမ်ဘစ် ၊ တန်ဇန်နီးယား၊ ဇမ် ဘီယာနှင့် ဇင်ဘာဘွေနိုင်ငံတို့တွင် ကာကွယ် ဆေးပေးမှု လုပ်ငန်းများကို လေးကြိမ်ခွဲ၍ ဆောင်ရွက်သွားမည်ဖြစ်သည်။ ပထမအကျော့ ကို မတ်လအတွင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး မာလဝီ၊ မိုဇမ်ဘစ်၊ တန်ဇန်နီးယားနှင့် ဇမ်ဘီယာနိုင်ငံတို့မှ ကလေးပေါင်း ၉ ဒသမ ၄ သန်းကို ပစ်မှတ်ထားကာ ကာကွယ်ဆေး တိုက်ကျွေးမှု ပြုလုပ်သွားမည်ဖြစ်သည်။
နှစ်ပေါင်း ၃၀ အတွင်း ကူးစက်မှု
မာလဝီနိုင်ငံတွင် ပိုလီယိုကူးစက်မှုကို ဖေဖော်ဝါရီ ၁၇ ရက်က တွေ့ရှိခဲ့ကြောင်း ကြေညာခဲ့သည်။ နှစ်ပေါင်း ၃၀ အတွင်း ပထမဦးဆုံးအကြိမ် ပိုလီယိုကူးစက်မှုကို တွေ့ရှိရခြင်းဖြစ်သည်။ ပိုလီယိုရောဂါသည် ကူးစက်မှုမြင့်မားပြီး ကုသ၍မရသော ရောဂါ ဖြစ်သည်။
မာလဝီနှင့် အိမ်နီးချင်းနိုင်ငံများကို ကူညီ ထောက်ပံ့ပေးခြင်းဖြင့် ရောဂါဖြစ်ပွားမှုကို ရပ်တံ့ရန်နှင့် ခြိမ်းခြောက်မှုများကို အဆုံးသတ် နိုင်ရေး ထိရောက်သည့်ကာကွယ်ဆေးများပေးသွားမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ၏ ဒေသတွင်း ညွှန်ကြားရေးမှူးဖြစ်သူ မတ် ရှီဒီဆိုမိုတီက ပြောသည်။ အာဖရိကဒေသတွင် နိုင်ငံအများအပြား၏ အားသွန်ခွန်စိုက် ကြိုးပမ်း အားထုတ်မှုဖြင့် ပိုလီယိုဗိုင်းရပ်စ်ကို ချေမှုန်း နိုင်ခဲ့ပြီးဖြစ်သည်။
ဆင်ဟွာ