ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်ပြီး မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်

 

 မြန်မာနိုင်ငံ ကိုကိုးကျွန်း၊ ဟိုင်းကြီးကျွန်းနှင့် 
ရခိုင်ကမ်းရိုးတန်းသို့ ဝင်ရောက်နိုင်သည်ဟု ခန့်မှန်း

 

နေပြည်တော်  မတ်   ၁၉


အားကောင်းသော လေဖိအားနည်းရပ်ဝန်း အခြေအနေ


ယနေ့ မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲ တိုင်းထွာချက်များအရ    ဘင်္ဂလားပင်လယ်အော် အရှေ့ တောင်ပိုင်းနှင့်     ယင်းနှင့် ဆက်စပ်လျက်ရှိသော ကပ္ပလီ ပင်လယ်ပြင်တောင်ပိုင်းတို့တွင်  ဖြစ်ပေါ်နေသော အားကောင်း သော  လေဖိအားနည်းရပ်ဝန်း 
သည် ဆက်လက်တည်ရှိနေသည်။ အဆိုပါ အားကောင်းသော လေဖိ အားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်ပြီး မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ နောက် ၁၈ နာရီအတွင်း   ကပ္ပလီပင်လယ်ပြင်၊   နီကိုးဘားကျွန်းနှင့် ကိုကိုးကျွန်းတို့အနီးတွင်   မုန်တိုင်းငယ်အဖြစ်သို့   လည်းကောင်း၊ နောက် ၄၂ နာရီအတွင်း  ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့်       ကပ္ပလီပင်လယ်ပြင်      မြောက်ပိုင်းတို့တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ လည်းကောင်း အားကောင်းလာနိုင် သည်ဟု ခန့်မှန်းရပါသည်။ အဆိုပါ အားကောင်းသော လေဖိအားနည်း ရပ်ဝန်းသည် မုန်တိုင်းငယ်အဖြစ် ရောက်ရှိပြီးနောက် မတ် ၂၀ ရက်နေ့ ၌ မြန်မာနိုင်ငံ ကိုကိုးကျွန်းအနီးသို့ လည်းကောင်း၊ မတ် ၂၁ ရက်နေ့၌ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းအနီးသို့ လည်းကောင်း၊ မတ် ၂၂ ရက်နေ့၌ ရခိုင်ကမ်းရိုးတန်းသို့ လည်းကောင်း ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

 


သတိပေးနှိုးဆော်ချက်


အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်း၏  အရှိန် ကြောင့် ယနေ့ညနေမှ မတ် ၂၂ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသ များတွင် ဒေသအလိုက် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ   တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ကိုးပေမှ ၁၂ ပေခန့် ရှိနိုင်သည်။

 


အကြံပြုချက်


သို့ဖြစ်ပါ၍ အားကောင်းသောလေဖိအားနည်းရပ်ဝန်း၏ အရှိန် ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်း ခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့်  ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့်  ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့်  ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း  ကြိုတင်သတိပြုနိုင်ပါရန်   အသိပေး နှိုးဆော်အပ်ပါသည်။                                                  

 မိုး/ဇလ