ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး

 

 

မော်လမြိုင်  မတ်   ၁၉


တိုင်းရင်းသား  လူမျိုးများရေးရာ ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်နှင့်    မွန် ပြည်နယ်အတွင်းရှိ တိုင်းရင်းသား စာပေနှင့်    ယဉ်ကျေးမှုအဖွဲ့များ တွေ့ဆုံပွဲအခမ်းအနားကို မတ် ၁၈  ရက် မွန်းလွဲ ၂ နာရီက တိုင်းရင်း သားလူမျိုးများ   ရေးရာဝန်ကြီး ဌာန   မွန်ပြည်နယ် ညွှန်ကြားရေး မှူးရုံး     အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


အခမ်းအနားသို့ မွန်ပြည်နယ်      စီးပွားရေးရာဝန်ကြီး     နိုင်လယိ တမ၊  တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး၊  ညွှန်ကြားရေးမှူး ချုပ်များ၊  ဒုတိယညွှန်ကြားရေးမှူး ချုပ်နှင့်   တိုင်းရင်းသားစာပေနှင့်   ယဉ်ကျေးမှုအဖွဲ့များ  တက်ရောက် ကြသည်။

 


ဦးစွာ ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားများသည် မိမိတို့၏ စကား၊   စာပေနှင့်ယဉ်ကျေးမှု များကို   မပျောက်ပျက်အောင် ထိန်းသိမ်း   စောင့်ရှောက်ရမည် ဖြစ်ပြီး   ဖွံ့ဖြိုးတိုးတက်စေရန် လည်းဆောင်ရွက်ကြရမည် ဖြစ်ပါ ကြောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအနေဖြင့်        ရှေ့ လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ် ချမှတ်ကာ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်စေရန် အကောင်အထည် ဖော်      ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ဒို့တာဝန်အရေး(၃)ပါးကို လက်ကိုင်ထား၍  တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး  ပါဝင်သည့် ပြည်ထောင်စု     နိုင်ငံတော်ကြီး တည်ဆောက်ရာတွင်     မိမိတို့ ဝန်ကြီးဌာနသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက် လျက်ရှိပါကြောင်း၊   နိုင်ငံတော် စီမံအုပ်ချုပ်ရေး         ကောင်စီ၏ ဦးတည်ချက် (၉)ရပ်ပါ  လူမှုရေး ဦးတည်ချက်တွင်    ပါဝင်သော “တိုင်းရင်းသားလူမျိုးအပေါင်း တို့၏  ဓလေ့ထုံးတမ်းအစဉ်အလာ များကို           လေးစားလိုက်နာပြီး အမျိုးသား  ယဉ်ကျေးမှုစရိုက် လက္ခဏာများ   မပျောက်ပျက် အောင်   ထိန်းသိမ်းစောင့်ရှောက် ရေး”    ဟူသော   ဦးတည်ချက် ကို  တိုင်းရင်းသားများအားလုံး လက်တွဲညီညီဖြင့်    ဆောင်ရွက် ကြရန်               တိုက်တွန်းလိုပါ ကြောင်း။ 

 


နိုင်ငံတော်       စီမံအုပ်ချုပ်ရေး ကောင်စီက   တိုင်းရင်းသားဒေသ များတွင် ဆောင်ရွက်ပေးနေ သည့် ပညာရေး၊ ကျန်းမာရေး၊ စီးပွား ရေး၊ လူမှုရေးနှင့်  ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး   လုပ်ငန်းများတွင် အားလုံးဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုပါကြောင်း၊ တိုင်းရင်းသား               မျိုးနွယ်စု အချင်းချင်း (သို့မဟုတ်) တိုင်းရင်း သားလူမျိုးတစ်မျိုးနှင့်   တစ်မျိုး အကြား           အငြင်းပွားမှုများ ပေါ်ပေါက်ပါက           ဖြေရှင်း ဆောင်ရွက်နိုင်ရန်အတွက်  တိုင်း ဒေသကြီး/ ပြည်နယ် တိုင်းရင်း သားရေးရာ         ဝန်ကြီးများထံ တာဝန်ခွဲဝေ  အပ်နှင်းခဲ့ပြီးဖြစ်ပါ သဖြင့်  တိုင်းရင်းသားအရေးကိစ္စ များနှင့် ပတ်သက်၍ တိုင်းရင်းသား ရေးရာဝန်ကြီးထံ  တင်ပြဆောင် ရွက်နိုင်ပါကြောင်း၊ တိုင်းရင်းသား အရေးကိစ္စများနှင့်  ပတ်သက်၍ သက်ဆိုင်ရာ   တိုင်းဒေသကြီး/ ပြည်နယ်အစိုးရက ဖြေရှင်းပေးရ သည့်    ကိစ္စရပ်များရှိသကဲ့သို့ ပြည်ထောင်စုအဆင့်က ဖြေရှင်း ပေးရသည့်      ကိစ္စများလည်း ရှိသဖြင့်  တိုင်းရင်းသားအရေးကိစ္စ များကို ဥပဒေ၊ နည်းဥပဒေများနှင့် အညီ ဖြေရှင်းဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသား လူမျိုးများရေးရာ   ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံးသည်  မွန် ပြည်နယ်အတွင်းရှိ တိုင်းရင်းသား များ     အားလုံးနှင့်သက်ဆိုင်ပါ ကြောင်း၊     တိုင်းရင်းသားများ ဆုံစည်းရာနေရာအဖြစ်  ဆွေးနွေး ပွဲများဖြစ်စေ၊   နေ့ထူးနေ့မြတ် အခမ်းအနားပွဲများဖြစ်စေ၊ ရုံးသို့ လွတ်လပ်စွာလာရောက်  ကျင်းပ နိုင်ပါကြောင်း၊ တိုင်းရင်းသားများ ၏အရေး ကိစ္စများကို လာရောက် ဆွေးနွေး   တင်ပြနိုင်ပါကြောင်း ပြောကြားသည်။ 

 


ယင်းနောက် မွန်ပြည်နယ်    တိုင်းရင်းသားရေးရာ  ဝန်ကြီး ဦးခင်မောင်ဦးက   မွန်ပြည်နယ် အတွင်းရှိ   တိုင်းရင်းသားအရေး ကိစ္စများ  ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍   ဆောင်ရွက်ပေးနေ သည့် လုပ်ငန်းအခြေအနေများကို   ရှင်းလင်းတင်ပြသည်။ 
ထို့နောက် အခမ်းအနားသို့ တက်ရောက်      လာကြသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေး မှုအဖွဲ့များက စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်း သားအရေးကိစ္စများနှင့်   ၎င်းတို့ ကြုံတွေ့ရသည့် အခက်အခဲများကို တင်ပြကြရာ    ပြည်ထောင်စု ဝန်ကြီးက   ပေါင်းစပ်ညှိနှိုင်းပေး ခဲ့ပြီး             နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း           သိရ သည်။

သတင်းစဉ်