
ဇင်ငြိမ်း
နိုင်ငံတကာရေးရာများတွင် အမျိုးသားအကျိုးစီးပွားသည် အဓိကကျသော အယူအဆတစ်ခုဖြစ်သည်။ နိုင်ငံအားလုံးသည် ၎င်းတို့၏ အမျိုးသားအကျိုးစီးပွား ရည်မှန်းချက်များအောင်မြင်စေရန်နှင့် ပြည့်ဝစေရန် နည်းလမ်းများစွာဖြင့် ဆောင်ရွက်လေ့ရှိကြသည်။ နိုင်ငံတစ်ခုချင်းအလိုက် ၎င်းတို့၏ အမျိုးသားအကျိုးစီးပွားအပေါ်မူတည်၍ နိုင်ငံခြားရေးမူဝါဒများကို ချမှတ်ကြလေ့ရှိပြီး ယင်းရည်မှန်းချက်များ အောင်မြင်အောင် အကောင်အထည်ဖော်ကြလေ့ရှိသည်။
နိုင်ငံတစ်နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားများတွင် ယင်းနိုင်ငံ၏ နိုင်ငံ ရေး အကျိုးစီးပွားများ၊ လုံခြုံရေး အကျိုးစီးပွားများ၊ စီးပွားရေးဆိုင်ရာ အကျိုးစီးပွားများ၊ ယဉ်ကျေးမှုဆိုင်ရာ အကျိုးစီးပွားများနှင့် အခြားအကျိုးစီးပွား များ ပါဝင်နေတတ်ကြသည်။ အမျိုးသား အကျိုးစီးပွားအယူအဆသည် နိုင်ငံ တစ်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားများ ဆိုင်ရာ အခြေခံသဘောထား၊ ၎င်းတို့၏ အရေးပါမှု၊ ရည်ရွယ်ချက်၊ တန်ဖိုးများနှင့် ယင်းတန်ဖိုးများကို အကောင်အထည်ဖော်မည့်နည်းလမ်းများကို ထင်ဟပ်နေ ကြသည်။
မဟာဗျူဟာမြောက် တွေးခေါ်မှု၏ အရေးပါသော အစိတ်အပိုင်းတစ်ခုအနေ ဖြင့် ချမှတ်ထားသည့် အမျိုးသားအကျိုး စီးပွားများဆိုင်ရာ အယူအဆသည် အမျိုးသားမဟာဗျူဟာများ ချမှတ်ခြင်း နှင့် အကောင်အထည်ဖော်ခြင်းတို့အပေါ် ကြီးမားစွာ သက်ရောက်စေပါသည်။ ချင့်ချိန်စဉ်းစားမှုအမြင်ဖြင့် ကြည့်ပါက အမျိုးသား အကျိုးစီးပွားများဆိုင်ရာ အယူအဆသည် တွေးခေါ်ပုံနည်းလမ်း၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ တန်ဖိုး များ၊ အတွေးအခေါ်များနှင့် အခြားသော သွင်ပြင်လက္ခဏာများ နက်ရှိုင်းစွာ လွှမ်းမိုးနေတတ်ကြသည်။ နိုင်ငံများ အလိုက်၊ လူမှုအဆင့်အတန်းအလိုက် သမိုင်းတစ်လျှောက် အချိန်တိုင်းတွင် အမျိုးသားအကျိုးစီးပွားဆိုင်ရာ အယူ အဆများ ကွဲပြားနေတတ်ကြသည်။
ထိုသို့ တစ်နိုင်ငံချင်းစီအလိုက် မတူညီသော အမျိုးသားအကျိုးစီးပွား ဆိုင်ရာ အယူအဆများ၊ ရည်မှန်းချက် များကို အကောင်အထည်ဖော်ကြရာတွင် အကျိုးစီးပွားဆိုင်ရာလွှမ်းမိုးမှု၊ ထိပ်တိုက် တွေ့ဆုံမှုနှင့် ပဋိပက္ခများလည်းရှိလာပါ သည်။ နိုင်ငံတစ်နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားအများစုကို နိုင်ငံရေး အကျိုးစီးပွားများဖြင့် ကိုယ်စားပြု အကောင်အထည်ဖော်လျက်ရှိကြသော် လည်း ယင်းတို့အနက် အခြေခံအကျဆုံး မှာ အမျိုးသားလုံခြုံရေးဖြစ်သည်။
အမျိုးသားအကျိုးစီးပွား
နိုင်ငံတစ်နိုင်ငံသည် ၎င်း၏ အမျိုးသားအကျိုးစီးပွားအပေါ် အခြေခံ ၍ ၎င်း၏ လုပ်ဆောင်ချက်များကို ထိန်းကျောင်းရန် ကြိုးစားလေ့ရှိကြ သည်။ သို့ဖြစ်ရာ နိုင်ငံတစ်နိုင်ငံ၏ လုပ်ဆောင်ချက်များသည် ၎င်း၏အမျိုးသားအကျိုးစီးပွားများက အမြဲတစေ ကန့်သတ် ထိန်းကျောင်းနေသည်ကို တွေ့မြင်နိုင်သည်။ သို့ဖြစ်ရာ နိုင်ငံ တစ်နိုင်ငံချင်းစီအလိုက် အရေးပါသည့် အမျိုးသားအကျိုးစီးပွားကို ဂျာမနီနိုင်ငံ ဖွား အမေရိကန်နိုင်ငံရေးသိပ္ပံပညာရှင် Morgenthau က အမျိုးသားအကျိုးစီးပွား ဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာ၊ နိုင်ငံရေး ဆိုင်ရာနှင့် ယဉ်ကျေးမှု အမှတ်သရုပ် တို့ကို အခြားနိုင်ငံများ၏ ကျူးကျော် စော်ကားမှုမှ ကာကွယ်၍ ရှင်သန် ရပ်တည်ခြင်းဟု ဖွင့်ဆိုခဲ့သည်။
အမျိုးသားအကျိုးစီးပွားများတွင် နိုင်ငံ ရေးအကျိုးစီးပွားများ၊ လုံခြုံရေးဆိုင်ရာ အကျိုးစီးပွားများ၊ စီးပွားရေးဆိုင်ရာ အကျိုးစီးပွားများ၊ ယဉ်ကျေးမှုဆိုင်ရာ အကျိုးစီးပွားများနှင့် အခြားသောအကျိုး စီးပွားများ အကျုံးဝင်ပါဝင်သည်။ သို့သော် အမျိုးသားအကျိုးစီးပွားသည် သက်ဆိုင် ရာ အကြောင်းအရာအလိုက် အဓိပ္ပာယ် ဖွင့်လေ့ရှိကြသည့် မရေရာမတိကျသော အသုံးအနှုန်းတစ်ခုအဖြစ် တွေ့ရသည်။ သို့ဖြစ်သည့်အတွက် ကမ္ဘာ့နိုင်ငံရေး သမိုင်းတွင် အမျိုးသားအကျိုးစီးပွား အသုံးအနှုန်း ခေါင်းစဉ်အောက်တွင် တိုက်ခိုက်မှုများ၊ ကျူးကျော်မှုများ၊ ခြိမ်းခြောက်မှုများနှင့် စွက်ဖက်မှုများ လုပ်ဆောင်ခဲ့ကြသည်ကို တွေ့ရသည်။ အမျိုးသားအကျိုးစီးပွား အကောင်အထည် ဖော်မှု၏ နောက်ဆက်တွဲအကျိုးဆက် များကြောင့် နိုင်ငံများသည် အမျိုးသား အကျိုးစီးပွား အကောင်အထည်ဖော်မှုနှင့် အတူ အမျိုးသားအကျိုးစီးပွားကာကွယ် ရေးကို ထည့်သွင်းစဉ်းစားလာကြသည်။
အခြေခံလိုအပ်ချက်တစ်ခု
နိုင်ငံတစ်နိုင်ငံအား ဖွံ့ဖြိုးတိုးတက် သော နိုင်ငံတစ်နိုင်ငံအဖြစ် တည်ဆောက် ရာတွင် နိုင်ငံ၏ အုပ်ချုပ်ရေးစနစ်၊ စီးပွား ရေးစနစ်၊ ပညာရေးစနစ်၊ ကျန်းမာရေး စနစ်ကဲ့သို့သော ကဏ္ဍအလိုက် စနစ်များ တိုးတက်ကောင်းမွန်မှုနှင့်အတူ မိမိနိုင်ငံ ၏ အချုပ်အခြာအာဏာနှင့်၊ နိုင်ငံနှင့် ပြည်သူတို့၏ အကျိုးစီးပွားကာကွယ်ရန် အတွက် အင်အားတောင့်တင်းသည့် ခေတ်မီတပ်မတော်တစ်ရပ် လိုအပ်ပါ သည်။ ကမ္ဘာ့အင်အားကြီးနိုင်ငံများတွင် ၎င်းတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ ဘဏ္ဍာ ရေးအင်အား တောင့်တင်းမှုနှင့်အတူ စစ်ရေးအင်အား တောင့်တင်းမှုအပေါ်တွင် အခြေခံရပ်တည်နေသည်ကို တွေ့ရသည်။
သို့သော်လည်း အချို့သော နိုင်ငံများ သည် ကမ္ဘာ့အင်အားကြီးနိုင်ငံများကဲ့သို့ အလုံးစုံ အင်အားမတောင့်တင်းသော် လည်း မိမိတို့နိုင်ငံ၏ အခြားသော လိုအပ် ချက်များကြောင့် စစ်ရေးအင်အား တောင့်တင်းခိုင်မာအောင် တည်ဆောက် ထားကြသည်ကို တွေ့ရပါသည်။ အလားတူ ပင် စီးပွားရေးအင်အားကြီးလာသည့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံတို့သည် အမျိုးသားအကျိုးစီးပွား ကာကွယ်ရေး အတွက် စစ်ရေးစွမ်းအားကို မဖြစ်မနေ တည်ဆောက်ကြသည်ကို တွေ့ရမည် ဖြစ်ပါသည်။
ထိုသို့ စစ်ရေးစွမ်းအား ခိုင်မာ တောင့်တင်းအောင် တည်ဆောက်ရခြင်း မှာ မိမိနိုင်ငံ၏ အချုပ်အခြာပိုင်ဆိုင်မှု၊ နယ်မြေပိုင်ဆိုင်မှု၊ နိုင်ငံ၏အမျိုးသား အကျိုးစီးပွားနှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ကာကွယ်ရန်ရည်ရွယ် တည်ဆောက်ကြခြင်းဖြစ်သည်။ သာမန် အားဖြင့် အင်အားတောင့်တင်းသော စစ်ရေးစွမ်းအား တည်ဆောက်ရခြင်းမှာ အဓိကအားဖြင့် မိမိကိုယ်မိမိ ကာကွယ်ရေး ရည်ရွယ်ချက်များအဖြစ် တွေ့ကြရပါသည်။
အမျိုးသားအကျိုးစီးပွား
ကာကွယ်ရေး
ကမ္ဘာ့နိုင်ငံတိုင်းသည် စစ်ရေး အင်အားတည်ဆောက်ရာတွင် အမျိုးသား လုံခြုံရေးရှုထောင့်အရ ပြည်ပအန္တရာယ် နှင့် ပြည်တွင်းပဋိပက္ခများတွင် အဓိက ကျသော အမျိုးသားရည်မှန်းချက်များကို ကာကွယ်ရန်အတွက် ဖွဲ့စည်းထားကြ သည်။ လက်နက်ကိုင်တပ်ဖွဲ့များသည် နိုင်ငံကာကွယ်ရေးကဏ္ဍ၏ အစိတ် အပိုင်းများဖြစ်ကြသည်။ လက်နက်ကိုင် တပ်ဖွဲ့များ၏ ဖွဲ့စည်းပုံ၊ တာဝန်နှင့် ကာကွယ်ရေးကဏ္ဍတို့သည် သက်ဆိုင်ရာ နိုင်ငံတစ်ခုချင်းစီ၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်းအပေါ် မူတည်လေ့ရှိကြသည်။
စစ်ပွဲ၏ အပြုအမူ၊ စစ်အင်အားသုံး ခြင်းနှင့်ပတ်သက်၍ နိုင်ငံတစ်နိုင်ငံ အတွက် မူဝါဒများအောင်မြင်ရန် နည်းလမ်းတစ်ရပ်အဖြစ် အသုံးပြုကြပြီး ယင်းနည်းလမ်းသည် ရည်မှန်းချက် မဟုတ်ကြောင်း ကလော့စ်ဝဇ်က ဖွင့်ဆိုခဲ့ ပြီး စစ်ပွဲသည် အမျိုးသားမူဝါဒများကို အခြားနည်းလမ်းများဖြင့် ဆက်လက် အကောင်အထည်ဖော်ခြင်းမျှသာဖြစ် ကြောင်း မှတ်ချက်ပြုခဲ့သည်။
နိုင်ငံတစ်နိုင်ငံအတွက် မူဝါဒ များ အကောင်အထည်ဖော်ရာတွင် စစ်အင်အား အသုံးပြုသည့်နည်းလမ်းများ အပြင် အမျိုးသားစွမ်းအားများဖြစ်သည့် စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေး ကဏ္ဍကြီး လေးခုအပေါ် အခြေခံသည့်
အခြားနည်းလမ်းများ ရရှိစေနိုင်ကြောင်း ဆိုပါသည်။ သို့သော် စစ်ပွဲသည် နိုင်ငံ တစ်နိုင်ငံ၏ မူဝါဒအောင်မြင်ရန် မှန်ကန် သော နည်းလမ်းဖြစ်လာစေသည့် အခြေအနေများကို ကလော့စ်ဝဇ်က သူ၏ On War ကျမ်းတွင် ဆွေးနွေးမထား ချေ။ ထိုအခြေအနေများထဲတွင် နိုင်ငံ တစ်နိုင်ငံအပေါ် အခြားနိုင်ငံတစ်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားများက လွှမ်းမိုး ခြင်း သို့မဟုတ် ချုပ်ကိုင်ခြင်းကဲ့သို့သော အခြေအနေများ ပါဝင်ပါသည်။ ထို့အပြင် အမျိုးသားအကျိုးစီးပွားများ အောင်မြင် ရန် မည်သည့်အချိန်တွင် စစ်အင်အားကို မှန်ကန်စွာ အသုံးပြုရမလဲဆိုသည်မှာ အရေးပါသည့်အချက်အဖြစ် တွေ့ရ သည်။
ယင်းနှင့်ပတ်သက်၍ အမေရိကန်မှ ပါမောက္ခ Donald E. Nuechterlein က အမျိုးသားအကျိုးစီးပွား ပုံစံတစ်ခု ဖြစ်သည့် အမျိုးသားအကျိုးစီးပွား ဝန်းကျင်အခြေအနေ (National Interest Matrix) ကို ၁၉၇၉ ခုနှစ်တွင် ဖော်ပြခဲ့ သည်။
Nuechterlein က မည်သည့် နိုင်ငံတွင်မဆို ကျင့်သုံးနိုင်သည့် မိမိ နိုင်ငံကာကွယ်စောင့်ရှောက်ရေး၊ ကြွယ်ဝ ချမ်းသာမှု၊ သင့်တင့်မျှတသော ကမ္ဘာ့ စနစ်နှင့် တန်ဖိုးများမြှင့်တင်ရေးဆိုသည့် အခြေခံအကျိုးစီးပွား လေးခုကို အသုံးပြု ဖော်ပြခဲ့သည်။ ထို့အပြင် နိုင်ငံများ အနေဖြင့် ၎င်းတို့၏အကျိုးစီးပွားများကို အခြေခံနိုင်သည့် အရေးပါသည့် အဆင့် လေးဆင့်ကိုလည်း ဖော်ထုတ်ခဲ့ပါသည်။
ယင်းအဆင့် ၄ ဆင့်တွင် -
၁။ သေရေးရှင်ရေးကိစ္စရပ်များ - နိုင်ငံ တစ်နိုင်ငံ၏ နယ်မြေအပေါ်တွင် စစ်ရေးအရ ကျူးကျော်တိုက်ခိုက်ခံလာ ရပါက သို့မဟုတ် ရန်သူ၏တောင်းဆိုချက် များကို လက်မခံပါက တိုက်ခိုက်ရန် ခြိမ်းခြောက်မှုကဲ့သို့သော အန္တရာယ်ကြား တွင် နိုင်ငံဆက်လက်တည်ရှိနိုင်ရေး အခြေအနေ။
၂။ အရေးကြီးကိစ္စရပ်များ - သမားရိုးကျ စစ်အင်အားအသုံးပြုမှု အပါအဝင် ပြင်းထန်သော အရေးယူမှုများ မရှိ သော်လည်း နိုင်ငံအပေါ် ပြင်းထန်သော ထိခိုက်မှုများ ဖြစ်လာနိုင်ဖွယ်ရှိသော အခြေအနေ။
၃။ အဓိကကိစ္စရပ်များ - ကမ္ဘာ့နိုင်ငံရေး တွင် ဖြစ်နေသည့် အဖြစ်အပျက်များနှင့် ဦးတည်ရာများကြောင့် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် အယူအဆဆိုင်ရာများ အပေါ် ပြင်းထန်စွာ အကျိုးသက်ရောက် လာနိုင်သည့် အခြေအနေ။
၄။ ဆက်စပ်ကိစ္စရပ်များ - ပြင်ပမှ အဖြစ်အပျက်များ သို့မဟုတ် အခြေအနေ များကြောင့် နိုင်ငံ၏အကျိုးစီးပွားအပေါ် ပြင်းထန်စွာ ဂယက်ရိုက်ခတ် မလာသော် လည်း အခြားနိုင်ငံများတွင် လုပ်ကိုင်နေ ကြသည့် နိုင်ငံသားတစ်ဦးချင်းစီတိုင်း နှင့် ကုမ္ပဏီများ၏ အကျိုးစီးပွားများ အပေါ် အန္တရာယ်ကျရောက်လာသည့် အခြေအနေတို့ဖြစ်သည်။
စစ်ရေးစွမ်းအားမြှင့်တင်မှု
ယနေ့ကာလသည် နယ်ချဲ့ကိုလိုနီစနစ်မရှိတော့သော်လည်း မိမိနိုင်ငံ၏ ပြည်တွင်းအခြေအနေလိုအပ်ချက်၊ ကမ္ဘာ့ နိုင်ငံရေးအခြေအနေနှင့် ပထဝီနိုင်ငံရေး အခြေအနေလိုအပ်ချက်တို့အရ နိုင်ငံ၏အမျိုးသားအကျိုးစီးပွားများကို ကာကွယ် ရန် ခေတ်မီအမြဲတမ်းတပ်မတော်တစ်ရပ် ၏ အခန်းကဏ္ဍတွင် များစွာအရေး ပါလျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံ၏ စွမ်းရည်အဆင့်အတန်းကို အဆုံးအဖြတ် ပေးနိုင်သည့် အချက်များစွာအနက် သက်ဆိုင်ရာနိုင်ငံ၏ စစ်ရေးစွမ်းအား သည် ပိုမိုအရေးပါသည့်အချက်တစ်ချက် ဖြစ်သည်။
ထို့အပြင် ခိုင်မာအားကောင်းသော စစ်ရေးစွမ်းရည် ပိုင်ဆိုင်သည့် နိုင်ငံ တစ်နိုင်ငံသည် စစ်ရေးစွမ်းရည် အားနည်းသော နိုင်ငံများနှင့် ပြိုင်ဘက် ဖြစ်လာနိုင်သော နိုင်ငံများထက် လုံခြုံမှု နှင့် တည်ငြိမ်မှု ပိုမိုရရှိစေပါသည်။ အလားတူပင် နိုင်ငံ၏စစ်ရေးစွမ်းအား အားကောင်းခြင်းဖြင့် အခြားနိုင်ငံများ၏ စီးပွားရေး၊ နိုင်ငံရေး သို့မဟုတ် အရင်း အမြစ် အခြေခံစွမ်းအားတို့အပါအဝင် ကဏ္ဍများစွာတွင် လွှမ်းမိုးမှုရရှိစေနိုင် သည်။ နိုင်ငံတစ်နိုင်ငံ၏ စစ်ရေးစွမ်းအား ကို အဆုံးအဖြတ်ပေးနိုင်သည့် အချက် များတွင် ထိုးစစ်စွမ်းအား၊ ခံစစ်စွမ်းအား၊ ကြည်းတပ်စွမ်းအား၊ ရေတပ်စွမ်းအား၊ လေတပ်စွမ်းအား၊ အဆင့်မြင့်စစ်ရေး စွမ်းအားနှင့် မဟာမိတ်များပါဝင်ပါသည်။
နိုင်ငံတစ်နိုင်ငံ၏ စစ်ရေးစွမ်းရည် အဆင့်ကို မြှင့်တင်ထိန်းသိမ်းရာတွင် ယင်းနိုင်ငံ၏ အခြားသောစွမ်းရည်များ သည်လည်း အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ပါသည်။ ထိုအချက်များတွင် စီးပွား ရေး၊ လူဦးရေ၊ သဘာဝပတ်ဝန်းကျင်နှင့် သဘာဝရင်းမြစ်များ၊ နိုင်ငံရေး၊ နည်းပညာ၊ ယဉ်ကျေးမှုတို့ ပါဝင်သည်။ စစ်ရေးစွမ်းအားတိုးမြှင့်ရန် ပံ့ပိုးပေးနိုင်သောအချက်များရှိသကဲ့သို့ နိုင်ငံ၏ စစ်ရေးစွမ်းအားသည်လည်း အခြား ကဏ္ဍများ၏ စွမ်းအားမြှင့်တင်ရာတွင် အရေးပါသည့်ကဏ္ဍတွင် ရှိနေပါသည်။ နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွား ကာကွယ်ရေးအတွက် စစ်ရေးစွမ်းအား တည်ဆောက်သည်ဆိုရာတွင် မိမိနိုင်ငံ အခြားသော စွမ်းအားများနှင့်လိုက်လျော ညီထွေတည်ဆောက်မှသာ ထိရောက် သောစွမ်းအားနှင့် အကျိုးကျေးဇူးကို ရရှိစေမည်ဖြစ်သည်။
ဆက်လက်မြှင့်တင်လျက်ရှိ
ယနေ့အခါ ကမ္ဘာ့ထိပ်တန်းနိုင်ငံ များအကြား စစ်ရေးစွမ်းအားအဆင့် ကွာဟမှုကြီးမားစွာရှိနေပါသည်။ ကမ္ဘာ့ အင်အားကြီးနိုင်ငံများသည် မိမိတို့နိုင်ငံ ၏ အမျိုးသားအကျိုးစီးပွားကို ထိန်းသိမ်း ကာကွယ်နိုင်ရန် စစ်ရေးစွမ်းအားကို အပြိုင်အဆိုင် မြှင့်တင်နေကြသည်။ အလားတူ ဒေသတွင်းနိုင်ငံများ၊ ပြိုင်ဘက်နိုင်ငံများအကြားတွင်လည်း စစ်ရေးစွမ်းအား မြှင့်တင်တည်ဆောက် နေကြပါသည်။ (၂၁) ရာစု ဂလိုဘယ် လိုက်ဇေးရှင်းခေတ်တွင် ကျယ်ပြန့်လာ သောဈေးကွက်၊ နည်းပညာများ အရှိန်အဟုန်ဖြင့် တိုးတက်လာခြင်း နှင့်အတူ နိုင်ငံမဟုတ်သော အကြမ်းဖက် မှု အန္တရာယ်များကြောင့် ကမ္ဘာ့နိုင်ငံများ တွင် စစ်ရေးစွမ်းအားကို အပြိုင်မြှင့်တင် လျက်ရှိကြရာ ဆက်လက်၍လည်း တိုးမြှင့်လာဖွယ်ရှိနေပါသည်။
ကိုးကား
၁။ The Use of Military Power in Pursuit of National Interests၊ EDWIN J. ARNOLD, JR. From Parameters, Spring 1994, pp. 4-12.
၂။ https://www.isa-world.com/news/?tx_ttnews%5BbackPid% 5D=1&tx_ttnews%5 Btt_news%5D=411&cHash=3c3785562e7d5a836189b87d09c8182e
- Log in to post comments