
နေပြည်တော် မတ် ၁၈
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ် ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
၁၉-၃-၂၀၂၂ ရက်(စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၄) အမှတ်(၁၂) ၌ အငြင်း သန်သော မောင်စိန်နှင့် မောင်ခိန်အကြောင်းကို ပညာ ပေးရေးဖွဲ့ထားသည့် ‘‘လက်ဖဝါးနှင့် လက်ဖမိုး’’ မျက်နှာဖုံးကာတွန်း၊ နို့တိုက်သတ္တဝါအချို့၏ စိတ်ဝင် စားဖွယ်အချက်များအကြောင်း ကလေးတို့ ဗဟုသုတ ဖြစ်ဖွယ် တင်ဆက်ထားသည့် ‘‘စိတ်ဝင်စားစရာ နို့တိုက်သတ္တဝါ’’ သုတဆောင်းပါး၊ ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ထား သည့် ‘‘ရွှေသွေးတို့လက်ရာ’’ ကဏ္ဍ၊ မြန်မာဘာသာ စကား၏ အနက်အဓိပ္ပာယ်ဆိုင်ရာ သံတူကြောင်းကွဲ အကြောင်းကို ရေးဖွဲ့ထားသည့် ‘‘ကြိုက်ရာတွေး’’ နှစ်မျက်နှာကာတွန်း၊ သူတစ်ပါးအသက်ကို သတ်ခြင်း မှ ရှောင်ကြဉ်တော့မည်ဆိုသော သူငယ်ချင်း သုံးယောက်၏ မင်္ဂလာရှိသော အသံများနှင့်အတူ ပျော်ရွှင်ဖွယ်ရာမျက်နှာအမူအရာများကို ဖြစ်စေခဲ့ပုံ အကြောင်း ရေးဖွဲ့ထားသည့် ‘‘မင်္ဂလာရှိသောအသံ’’ ဝတ္ထုကဏ္ဍ၊ ကြက်သား သွားဝယ်သော ကိုအော အကြောင်းကို ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် ‘‘ကိုအောနဲ့ဘိုစော’’ တစ်မျက်နှာကာတွန်း၊ စေးနှဲ တွန့်တိုတတ်သော ကုန်သည်သည် မိမိ၏ပြောစကား ပေါ် ကတိမတည်ခြင်းကြောင့် ရွှေဒင်္ဂါးတစ်ရာကို ဆုံးရှုံးလိုက်ရပုံအကြောင်း တင်ဆက်ထားသည့် ‘‘စေးနှဲတွန့်တိုတတ်သော ကုန်သည်’’ ပုံပြင်ကဏ္ဍတို့ အပါအဝင် အင်္ဂလိပ်စာကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍ၊ ကဗျာကဏ္ဍစုံလင်စွာဖြင့် ထွက်ရှိပြီဖြစ်ရာ တစ်စောင် လျှင် ငွေကျပ် ၃၀၀ ဖြင့် စာပေဗိမာန်စာအုပ် အရောင်း ဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
ဇော်ဝင်းထွန်း