ဝန်ထမ်းအဖွဲ့အစည်းဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၈) နှင့် အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ် (၉) တို့၏ သင်တန်းဆင်းအခမ်းအနားကျင်းပ

 

နေပြည်တော်   မတ်  ၁၈


ပြည်ထောင်စု  ရာထူးဝန်အဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဖွင့်လှစ် ခဲ့သည့်   ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ်     (၈)  နှင့် အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ်     (၉) တို့၏ သင်တန်းဆင်း     အခမ်းအနားကို မန္တလေးတိုင်း​ဒေသကြီး   ပြင်ဦး လွင်မြို့နယ်ရှိ      ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) ရတနာခန်းမ၌     ယနေ့နံနက် နံနက် ၈ နာရီတွင် ကျင်းပသည်။

 


တက်ရောက်


အခမ်းအနားသို့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ  ဦးသန်းဆွေ၊ ဝန်ထမ်းရေးရာ       ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်   ဦးဇော် မိုးဝင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခ ချုပ်  ဦးကျော်စိုး၊  ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဒုတိယအမြဲတမ်း အတွင်းဝန်        ဦးမြင့်ဆွေ၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်)မှ ဒုတိယပါမောက္ခ ချုပ်များ၊ တက္ကသိုလ်သင်ကြားစီမံ ဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသည့်   ဧည့်သည် တော်များနှင့်       သင်တန်းသား သင်တန်းသူများ     တက်ရောက် ကြသည်။

 


ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ  ဦးသန်းဆွေက သင်တန်း ဆင်း  အမှာစကား  ပြောကြားရာ  အဆင့်မြင့်အရာရှိကြီးများသည် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ အောင်မြင်ရန်   အဓိကကျသည့် စီမံခန့်ခွဲမှုကဏ္ဍကို ဆောင်ရွက်နေ ကြသူများ     ဖြစ်သည့်အတွက် သင်တန်းကရရှိခဲ့သော   အတွေး အမြင်၊   အသိပညာဗဟုသုတများ၊ စီမံခန့်ခွဲအုပ်ချုပ်မှု    ပညာများ အပေါ်အခြေခံပြီး   မိမိဌာနအဖွဲ့ အစည်းနှင့်     နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက်   တတ်စွမ်း သည့် ကဏ္ဍကနေ ဝိုင်းဝန်းဆောင် ရွက်သွားကြရန်   လိုပါကြောင်း။ ထို့ပြင်   အနာဂတ်မြန်မာနိုင်ငံ၏ စီမံအုပ်ချုပ်မှု    ယန္တရားကြီးကို ကိုယ်တိုင်ဦးဆောင်    မောင်းနှင် ကြရမည့်သူများ ဖြစ်သည့်အတွက် နိုင်ငံတကာနှင့် ရင်ပေါင်တန်းပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိအောင်    စီမံ အကောင်အထည် ဖော်ဆောင်ရွက် သွားကြရမည့်သူများလည်း ဖြစ်ပါ ကြောင်း။ 

 


ဝိုင်းဝန်းကြိုးစားဆောင်ရွက်


နိုင်ငံနှင့်လူမျိုး       တိုးတက် အောင်မြင်ရန် လူတိုင်းက မိမိတို့ သက်ဆိုင်ရာနယ်ပယ်၊ ကျွမ်းကျင် ရာ       နယ်ပယ်အသီးသီးတွင် ခေါင်းဆောင်စိတ်ဓာတ် မွေးမြူ လျက် တာဝန်ယူမှု၊ တာဝန်ခံမှုတို့ ဖြင့် ဝိုင်းဝန်းကြိုးစားဆောင်ရွက် ကြမှသာ နိုင်ငံနှင့်လူမျိုး တိုးတက် အောင်မြင်လာမည်      ဖြစ်ပါ ကြောင်း၊   “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်”    ဟူသော ဆောင်ပုဒ်အတိုင်း မိမိတို့နိုင်ငံအား တိုးတက်အောင်မြင်စေရန်      မိမိ တို့က  ဝန်ထမ်းကောင်းများအဖြစ် ကြိုးစားအားထုတ်ပြီး      ကျရာ အခန်းကဏ္ဍမှ     နိုင်ငံ့တာဝန်ကို ကိုယ်စွမ်း     ဉာဏ်စွမ်းရှိသမျှ ထမ်းဆောင်သွားကြရန်နှင့် ကျရာ ကဏ္ဍအလိုက် တာဝန်ကျေပွန်စွာ ထမ်းရွက်နိုင်ရုံမက    စေတနာ ကောင်းများဖြင့်ပါ ပူးပေါင်းဆောင် ရွက်ကြရန်၊        မိမိတို့လုပ်ငန်း တာဝန်များကို          ထူးချွန် ပြောင်မြောက်စွာ    ဆောင်ရွက် နိုင်စွမ်းရှိသူများအဖြစ်    အစဉ် ကြိုးပမ်းထမ်းဆောင်ပြီး အနာဂတ် တွင် ဝန်ထမ်းအဖွဲ့အစည်း အကြီး အမှူးကောင်းများအဖြစ်    နိုင်ငံ့ တာဝန်များကို တိုးမြှင့်ထမ်းဆောင် နိုင်ကြပါစေဟု ဆန္ဒပြုပြောကြား ပြီး   အခမ်းအနားကို   ရုပ်သိမ်း လိုက်သည်။ 

 


ဝန်ထမ်းအဖွဲ့အစည်း ဒုတိယ အကြီးအမှူး သင်တန်းအမှတ်စဉ် (၈)   သို့   သင်တန်းသား     ၃၀၊ သင်တန်းသူ ၁၂ ဦး စုစုပေါင်း ၄၂  ဦးနှင့်       အဆင့်မြင့်အရာထမ်း စီမံခန့်ခွဲမှု   သင်တန်းအမှတ်စဉ် (၈) သို့   သင်တန်းသား   ၁၈   ဦး၊ သင်တန်းသူ ၁၉ ဦး    စုစုပေါင်း ၃၇    ဦး     တက်ရောက်ကြပြီး သင်တန်းကာလမှာ        ရက်သတ္တ ရှစ်ပတ်    ကြာမြင့်ကြောင်း    သိရ သည်။                
      သတင်းစဉ်