
နေပြည်တော် မတ် ၁၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာနသို့ သွားရောက်ပြီး ဘင်္ဂလားပင်လယ်အော်အတွင်း လက်ရှိဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း 91 B Invest နှင့်စပ်လျဉ်း၍ စောင့်ကြည့်လေ့လာခြင်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှု ဗဟိုဌာန ခေတ္တတာဝန်ခံ ဌာန ကြီးမှူး ဦးဝင်းထိန်ကျော်က လေဖိအားနည်းရပ်ဝန်း 91 B Invest နှင့် ပတ်သက်၍ မိုးလေ ဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်များ အပါအဝင် နိုင်ငံတကာ မိုးလေဝသ Website များ၏ လေ့လာတွေ့ရှိ ချက်များအရ မုန်တိုင်းဖြစ်ပေါ် နိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များနှင့် စပ်လျဉ်း ပြီး ပြည်ထောင်စုဝန်ကြီးက လေဖိအားနည်းရပ်ဝန်းမှတစ်ဆင့် အားကောင်းလာနိုင်သည့် မုန်တိုင်း နှင့်ပတ်သက်၍ ပြည်သူများထံသို့ သတင်းအမှန်များ ရောက်ရှိနိုင် ရေး သတင်းအချက်အလက်များ ကို အချိန်နှင့်တစ်ပြေးညီ စောင့် ကြပ်ကြည့်ရှုရန် လိုကြောင်း၊ တုံ့ပြန်ဆောင်ရွက်မှု လုပ်ငန်းများ အတွက် ထိရောက်သော သတင်း အချက်အလက်များ ရရှိစေရေး အတွက် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှု ဗဟိုဌာနအနေဖြင့် အမြဲအသင့် ရှိနေရမည်ဖြစ် ကြောင်း၊ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၌လည်း ထိရောက် မှန်ကန်သော သတင်းအချက် အလက်များရရှိရေးမှာ လွန်စွာ အရေးကြီးကြောင်း၊ လိုအပ်ပါက သတင်းအချက်အလက်များ မျှဝေ ပေးနိုင်ရေး၊ လိုအပ်သည့် ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်ထားရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် သဘာဝဘေး အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံး နိုင်ခြေ လျှော့ချရေးဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သတ်၍ Pilot Volunteer Programme ဆောင် ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေး သို့ တက်ရောက်ဆွေးနွေးသည်။
အစည်းအဝေးတွင် ပြည် ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီး ဌာန၏ လုပ်ငန်းများသည် ပြည်သူ လူထုနှင့် အမြဲထိတွေ့ဆက်ဆံ ရသည့် လုပ်ငန်းများဖြစ်ကြောင်း၊ လူမှုရေးဆိုင်ရာ အဖွဲ့အစည်းများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း၊ ထို့ကြောင့် စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုများ စနစ်တကျ ဖြစ်စေရေး ဆောင်ရွက်သွားရန် လိုကြောင်း၊ ဦးစီးဌာနများအနေ ဖြင့်လည်း လုပ်ငန်းကဏ္ဍအလိုက် စေတနာ့ဝန်ထမ်းများ စနစ်တကျ စုဖွဲ့၍ ပူးပေါင်းပါဝင်ဆောင်ရွက် နိုင်ရေး ရှေ့ပြေးလုပ်ငန်းအစီအစဉ် များ ဖော်ဆောင်ရန်လိုအပ် ကြောင်း၊ စေတနာ့ဝန်ထမ်းများ ထဲတွင် ပုံမှန်လုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်နိုင်သည့် စေတနာ့ ဝန်ထမ်းများအပြင် ၎င်းတို့၏ ကျွမ်းကျင်မှု နယ်ပယ်အလိုက် ပူးပေါင်း ဆောင်ရွက်နိုင်သည့် စေတနာ့ဝန်ထမ်းများလည်း ရှိ ကြောင်း၊ စေတနာ့ဝန်ထမ်းများ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုရန် လိုအပ်ကြောင်း၊ စေတနာ့ဝန်ထမ်း များ ဖိတ်ခေါ်စုဖွဲ့၍ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မည့် အစီ အစဉ်ကို အကောင်းဆုံးဖြစ်စေရေး ဦးစီးဌာနများအနေဖြင့် စနစ် တကျဖြင့် ဆွေးနွေးညှိနှိုင်းဆောင် ရွက်ကြရန်လိုကြောင်း ပြောကြား သည်။
ထို့နောက် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန် လည် ထူထောင်ရေးဦးစီးဌာနတို့မှ ဆောင်ရွက်မည့် စေတနာ့ဝန်ထမ်း အစီအစဉ်များကို ဆွေးနွေးတင်ပြ ကြပြီး အစည်းအဝေးသို့ တက် ရောက်လာကြသူများက ဝိုင်းဝန်း အကြံပြု ဆွေးနွေးကြသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဆောင်ရွက်မည့် စေတနာ့ဝန်ထမ်း အစီအစဉ်များ အတွက် ဝန်ကြီးဌာန၏ Web Page မှတစ်ဆင့် လျှောက်ထား ဆောင်ရွက်ခြင်း နည်းလမ်းဖြင့် ခေါ်ယူသွားမည်ဖြစ်ပြီး သက်ဆိုင် ရာ ကဏ္ဍများအလိုက်၊ နေပြည် တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ်များအလိုက် လုပ်ငန်း များ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်