
နေပြည်တော် မတ် ၁၈
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင် သည့် စီးပွားရေးသက်ရောက်မှုများ အပေါ် ကုစားရေးလုပ်ငန်း ကော်မတီ၏ အစည်းအဝေး (၂/၂၀၂၂) ကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၌ Video Conferencing ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ လုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် လုပ်ငန်း ကော်မတီဝင်များ ဖြစ်ကြသော စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနနှင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် သက်ဆိုင်ရာဌာန ကိုယ်စားလှယ်များ တက်ရောက် ကြသည်။
အစည်းအဝေးတွင် လုပ်ငန်း ကော်မတီဥက္ကဋ္ဌက ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ပေးထား မှုအခြေအနေ၊ ချေးငွေရယူထား ကြသူများ ပြန်ဆပ်ရမည့်အခြေ အနေ၊ အတိုးပြန်လည် ကောက်ခံ ရရှိမှုနှင့် ဆက်လက်ကောက်ခံမည့် အစီအစဉ်၊ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာများအား ဘဏ္ဍာရေးဆိုင်ရာ အကူအညီ ပေးအပ်နိုင်ရေး ချေးငွေဆက်လက် ထုတ်ပေးရန် ဆောင်ရွက်ထားရှိမှု များနှင့် လုပ်ငန်းကော်မတီက ဆောင်ရွက်ပေးခဲ့သည့် ကိစ္စရပ် များနှင့် စပ်လျဉ်း၍ ဆွေးနွေး သည်။
ဆက်လက်၍ အစည်းအဝေး တက်ရောက် လာကြသူများက ကိုဗစ်-၁၉ ကြောင့် စီးပွားရေး သက်ရောက်မှုများ ကုစားရေး အတွက် ဝန်ကြီးဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း များ၊ အတည်ပြုရန် ကိစ္စရပ်များ နှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်