တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တိုင်းရင်းသားများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည်

 

မော်လမြိုင်    မတ်    ၁၈


တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန  မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံး ဝန်ထမ်းအိမ်ရာ အဆောက်အအုံသစ်ဖွင့်ပွဲ  အခမ်းအနားကို ယနေ့ ညနေ  ၄ နာရီတွင် မော်လမြိုင်မြို့   မင်းရွာကျေးရွာအုပ်စု  ရွာသစ်ကျေးရွာ မော်လမြိုင်-ကျိုက်မရော လမ်းမဘေးရှိ အဆိုပါရုံးဝင်းအတွင်း၌ ကျင်းပသည်။

 


အခမ်းအနားသို့    နိုင်ငံတော်  စီမံ အုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်၊  ဒေါက်တာဗညားအောင်မိုး၊ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင်၊ ဦးစောထွန်းအောင်မြင့်၊ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသူများနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ တက်ရောက် ကြသည်။

 


အမြဲတည်တံ့နေရမည့်ဌာနဖြစ်


ဦးစွာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါက်တာဗညားအောင်မိုး က အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်သည့်ဥပဒေအရ တိုင်းရင်း သားလူမျိုးများရေးရာ       ဝန်ကြီးဌာန ပေါ်ပေါက်လာရခြင်း     ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအသစ်   ဖြစ်သည့်အတွက် ရုံးအဆောက်အအုံသစ်များ၊    ဝန်ထမ်း အိမ်ရာ       အဆောက်အအုံသစ်များကို တဖြည်းဖြည်း အချိန်ယူတည်ဆောက်ရ မည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာနသည်    ဥပဒေပါ ပြဋ္ဌာန်းချက်များအရ     တိုင်းရင်းသား စာပေနှင့်   ယဉ်ကျေးမှုကိစ္စရပ်များကို  ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရ မည်ဖြစ်ပြီး တိုင်းရင်းသားများ၏ အခွင့် အရေးများကို ကာကွယ်စောင့်ရှောက်ပေး ရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက် ပေးရန်အတွက်လည်း     တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနသည် အမြဲ တည်တံ့နေရမည့်ဌာန ဖြစ်ပါကြောင်းနှင့် တိုင်းရင်းသားများအတွက်   အလွန် အရေးပါသည့် ဝန်ကြီးဌာနဖြစ်ပါကြောင်း ပြောကြားသည်။

 


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး   ဦးစောထွန်းအောင်မြင့်က  အမှာစကား ပြောကြားရာတွင်  မိမိတို့တိုင်းရင်းသား လူမျိုးများရေးရာ    ဝန်ကြီးဌာနသည် တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှု များကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ အခွင့် အရေးများကို ကာကွယ်စောင့်ရှောက်ခြင်း ဖြင့် ပြည်ထောင်စုစိတ်ဓာတ် တိုးတက် ခိုင်မာစေပြီး တိုင်းရင်းသားများ၏ လူမှု စီးပွားဘဝတိုးတက်ခိုင်မာစေရန် မျှော်မှန်း ချက်ဖြင့် လုပ်ငန်းစဉ်များ ချမှတ်ဆောင် ရွက်လျက်ရှိပါကြောင်း၊    တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှသာ     တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မည်ဖြစ်၍  တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်း သား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များတွင် တိုင်းရင်းသား များအားလုံး   ပူးပေါင်းပါဝင်ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 


လွှဲပြောင်းပေးအပ်


ထို့နောက်  မွန်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်း တင်ပြပြီး ပြည်ထက်ကျော် ကုမ္ပဏီက အဆောက်အအုံဆိုင်ရာ အချက်အလက် များကို တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင် ထံ လွှဲပြောင်းပေးအပ်သည်။ 

 


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဝင် မန်းငြိမ်းမောင်၊  ဒေါက်တာ ဗညားအောင်မိုး၊   ပြည်ထောင်စုဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီး      ထွန်းထွန်းနောင်၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင် မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်း ထွန်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး  နေထွဋ်ဦး၊      စီးပွား ရေးရာဝန်ကြီး နိုင်လိတမနှင့် တိုင်းရင်းသား ရေးရာဝန်ကြီး       ဦးခင်မောင်ဦးတို့က  ဝန်ထမ်းအိမ်ရာ အဆောက်အအုံသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 


ထို့နောက် ရိုးရာယဉ်ကျေးမှုအကအဖွဲ့ များက ရိုးရာအကများဖြင့် ကပြဖျော်ဖြေ ကြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဝင် ဒေါက်တာဗညားအောင်မိုး၊   မန်းငြိမ်း မောင်နှင့်  ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင် တို့က ဂုဏ်ပြုဆုငွေများ ချီးမြှင့်ကြ သည်။

 


ထောက်ပံ့ငွေများ ပေးအပ်


ဆက်လက်၍   တိုင်းရင်းသားများ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ် ထိန်းသိမ်းမြှင့်တင်ရေး    လုပ်ငန်းများ  ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စု ဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ် လုံခြုံရေးနှင့်     နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး  နေထွဋ်ဦး၊  စီးပွားရေးရာ ဝန်ကြီး   နိုင်လိတမနှင့်   တိုင်းရင်းသား ရေးရာဝန်ကြီး         ဦးခင်မောင်ဦးတို့က တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ များအား ထောက်ပံ့ငွေများ ပေးအပ်သည်။

 


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဝင်        အဖွဲ့ဝင်များနှင့်  ဧည့်သည်တော်များသည် တိုင်းရင်းသား ယဉ်ကျေးမှုအကအဖွဲ့များ၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့်အတူ စုပေါင်းမှတ်တမ်းတင်  ဓာတ်ပုံရိုက်ကြပြီး  အဆောက်အအုံသစ်ကို လှည့်လည်ကြည့်ရှု ခဲ့ကြကြောင်း သိရသည်။


သတင်းစဉ်